ကရင်ပြည်နယ်၊ တပ်မဟာ ၆နယ်မြေရှိ ကော်ဘရာစစ်ကြောင်းတွင် အကြမ်းဖက်စစ်ကောင်စီမှ သိမ်းဆည်းရမိသည့် လက်နက်များပြုပြင်ခြင်း၊ တော်လှန်ရေးတပ်များမှ လက်နက်များပြုပြင်ခြင်းနှင့် တိုက်ပွဲများတွင် လက်နက်ကြီး စစ်သေနတ်များကို ကိုယ်တိုင်ပစ်ခတ်ရာတွင် ဝါသနာပါသလို တော်လှန်ရေးရဲဘော်များက ကော်ဘရာ ကပစ ( ကာကွယ်ရေးပစ္စည်းစက်ရုံ) ဟု ခေါ်ဝေါ်သည့် ကိုရှိုင်း အကြောင်းကို MPA မှမြေပြင်ထိသွားရောက်ရိုက်ကူးတင်ပြထားပါသည်။
မတ္တရာအရှေ့ခြမ်းရှိ မူလတန်းကျောင်းနှင့် နေအိမ်အလုံး၂၀ကို စစ်တပ် မီးရှို့သွား
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ချောင်းတော်ဝကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းနှင့် ပြည်သူနေအိမ်အလုံး ၂၀ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ မတ္တရာမြို့နယ်၊ငါးလုံးပြွန်ရွာအခြေစိုက် စစ်သား၁၀၀ခန့်၊တံငါရွာအခြေစိုက် စစ်သား ၅၀ခန့်နှင့် သဖန်းကိုင်းရွာအခြေစိုက် စစ်သား ၇၀ခန့်တို့သည် ယနေ့(မေ၄ရက်)နံနက်ပိုင်းတွင် မတ္တရာမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများသို့...