ကရင်ပြည်နယ်၊ တပ်မဟာ ၆နယ်မြေရှိ ကော်ဘရာစစ်ကြောင်းတွင် အကြမ်းဖက်စစ်ကောင်စီမှ သိမ်းဆည်းရမိသည့် လက်နက်များပြုပြင်ခြင်း၊ တော်လှန်ရေးတပ်များမှ လက်နက်များပြုပြင်ခြင်းနှင့် တိုက်ပွဲများတွင် လက်နက်ကြီး စစ်သေနတ်များကို ကိုယ်တိုင်ပစ်ခတ်ရာတွင် ဝါသနာပါသလို တော်လှန်ရေးရဲဘော်များက ကော်ဘရာ ကပစ ( ကာကွယ်ရေးပစ္စည်းစက်ရုံ) ဟု ခေါ်ဝေါ်သည့် ကိုရှိုင်း အကြောင်းကို MPA မှမြေပြင်ထိသွားရောက်ရိုက်ကူးတင်ပြထားပါသည်။
စစ်ကောင်စီအတွက် ရိက္ခာနှင့် စစ်ကူပို့ပေးသည့် ငါးဖမ်းစက်လှေတစ်စီး တိုက်ခိုက်ခံရ
တနင်္သာရီတိုင်း၊ ထား၀ယ်မြို့နှင့် ကျောက်နီမော်ရွာအကြား ထား၀ယ်မြစ်ကြောင်းအတိုင်း စုန်ဆင်းလာသည့် စစ်ကောင်စီတပ်၏ ရိက္ခာနှင့် စစ်ကူပို့ ငါးဖမ်းစက်လှေတစ်စီးကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖြတ်တောက်တိုက်ခိုက်ခဲ့ကြောင်း ယင်းတပ်ဖွဲ့ထံမှ သိရသည်။ ဧပြီ ၂၃ ရက်၊ နံနက် ၁၁ နာရီ ၄၅...