မြိတ်ခရိုင် PDF အမှတ် ၁ တပ်ရင်း တည်ထောင်ပြီး ၃နှစ်အတွင်း ရဲဘော် ၂၈ဦးကျဆုံး

တနင်္သာရီတိုင်း၊ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း တည်ထောင်ပြီး သုံးနှစ်အတွင်း ရဲဘော် ၂၈ ဦးအထိ ကျဆုံးခဲ့ရကြောင်း သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ရဲဘော်အာနိုးက MPA သို့ပြောသည်။ မြိတ်ခရိုင် အမှတ် ၁တပ်ရင်းကို ၂၀၂၁ခုနှစ်၊ ဧပြီ ၇ရက်တွင် စတင်တည်ထောက်ခဲ့ခြင်းဖြစ်ပြီး ပထမဆုံးရဲဘော်တစ်ဦး ကျဆုံးသွားချိန်မှ လက်ရှိအချိန်ထိ ကျဆုံးခဲ့သည့် ရဲဘော်များကို စာရင်းပြုစုခဲ့ကြောင်း ရဲဘော်အာနိုးက ရှင်းပြသည်။ " အဓိက က တော့ သူတို့ရဲ့စွန့်လွှတ်ပေးဆပ်မှုတွေကို အမြဲအမှတ်ရနေဖို့နဲ့ သူတို့ရဲ့ ကျေးဇူးကြွေးကို နောင်တချိန် သူ့မိသားစုကို ပြန်လည်ပေးဆပ်နိုင်ဖို့ ရည်ရွယ်ပါတယ်" ဟု ရဲဘော်အာနိုးကပြောသည်။ ကျဆုံးရဲဘော်အများစုသည် ထိတွေ့တိုက်ပွဲများတွင် ကျဆုံးခဲ့ခြင်းဖြစ်ကာ၊...

Read more
နမ့်ဆန်မြို့၌ အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်နှစ်ဖက်ပြတ်ထွက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားသည့်၊ နမ့်ဆန်မြို့၊ မာန်ခိုက်ရပ်ကွက်တွင် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်နှစ်ဖက်ပြတ်ထွက်သွားကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ယမန်နေ့(ဧပြီ ၂၂ရက်)၊ မွန်းလွဲ ၁နာရီခန့်တွင် နမ့်ဆန်မြို့၊ မာန်ခိုင်ရပ်ကွက်၊ စစ်တပ်ကုန်းအနီး ငှက်ပစ်သွားသည့် အသက် ၂၀အရွယ် ကိုကျော်ဇင်ဟိန်း မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။ "ရွာသားတွေပြောတာတော့ ငှက်လိုက်ပစ်တယ်လို့ပြောတယ်။ အဲ့ဒီမှာက တိုက်ပွဲမဖြစ်ခင်ကတည်းက စစ်ကောင်စီ ထောင်ထားတဲ့ မိုင်းတွေအများကြီးရှိတယ်။ ပြီးခဲ့တဲ့အပတ်က မိုင်းရှင်းလင်းရေးလုပ်တယ်။ မိုင်းအလုံး ၄၀ကျော်ရှင်းခဲ့ တယ်" ဟု မာန်ခိုက်ရပ်ကွက်မှ တာဝန်ရှိသူ အမျိုးသားတစ်ဦးကပြောသည်။ စစ်ကောင်စီထောင်ထားသည့် မိုင်းနင်းမိခဲ့သည့်...

Read more
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၁)သို့ လာရောက်

ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သည့် ပန်ဖရီး ပါထီဟာနုကွန်းဟာ ယနေ့၊ ဧပြီ ၂၃ ရက်တွင် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၁)သို့ လာရောက်ခဲ့ကြောင်း သိရသည်။ ပန်ဖရီး ပါထီဟာနုကွန်းဟာ ထိုင်းနိုင်ငံနယ်စပ် မဲဆောက်မြို့ရှိ အမှတ် (၁) တံတားအနီး နယ်စပ်မျဉ်းတစ်လျှောက်ကို မွန်းလွဲ ၄ နာရီခန့်တွင် လာရောက်ကာ လှည့်လည်ကြည့်ရှုခဲ့ပြီးနောက် ၄ နာရီခွဲတွင် ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။

Read more
စဉ့်ကိုင်မြို့နယ်တွင် လောင်းကစားဝိုင်း နှင့် KTV များ၊ များလာပြီး အကြွေးကြောင့် အိမ်သိမ်းခံရသူများပါရှိနေ

မန္တလေးတိုင်း ၊ စဉ့်ကိုင်မြို့နယ်တွင် လောင်းကစားဝိုင်းများ နှင့် KTV များ၊ များလာပြီး အကြွေးကြောင့် အိမ်သိမ်းခံရဥူများပါရှိနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ကာ စဉ့်ကိုင်မြို့နယ်အတွင်းရှိ လောင်းကစား၀ိုင်းများသည် ရဲနှင့်စစ်သားများကို လိုင်းကြေးပေးကာ ခိုးကြောင်းခိုးဝှက်ဖွင့်လှစ်ရာမှ လက်ရှိတွင် ပေါ်ပေါ်ထင်ထင် ဖွင့်လှစ်လာကြောင်း စဉ့်ကိုင်မြို့နေ အမည်မဖော်လိုသည့် ဒေသခံအမျိုးသမီးတစ်ဦးက MPA သို့ပြောသည်။ "လတိုင်း လိုင်းကြေးပေးရတယ်။ ရဲတွေက တစ်လတစ်ခါ လာကောက်ကြတာ၊ အခုက မြို့ပေါ်မှာတင် ဖွင့်ကြတာ မဟုတ်တော့ဘူး။ ရွာတွေအနှံ့မှာ လောင်းကစား၀ိုင်းတွေရှိနေတာ၊...

Read more
ကော့ကရိတ်တိုက်ပွဲအတွင်း စစ်ကောင်စီက ဓာတုအဆိပ်ငွေ့ဗုံးများဖြင့် တိုက်ခိုက်သောကြောင့် ရဲဘော် ၅၀ ခန့် အဆိပ်ငွေ့သင့်ဟုဆို

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တိုက်ပွဲများအတွင်း စစ်ကောင်စီက ဓာတုအဆိပ်ငွေ့ပါဝင်သည့် (Drop Bomb) ဗုံးများ၊ မီးလောင်ဗုံးများဖြင့် တိုက်ခိုက်ခဲ့သဖြင့် ရဲဘော်အယောက် ၅၀ ခန့် ဓာတုအဆိပ်ငွေ့သင့်ကာ အသက်ရှူကျပ်ခြင်း၊ မူးဝေခြင်း၊ အော့အန်ခြင်း၊ သွေးပေါင်ချိန်ကျခြင်းနှင့် အမြင်အာရုံဝေဝါးခြင်းတို့ ခံစားခဲ့ရကြောင်း ကျားဖြူစစ်ကြောင်းထံမှ သိရသည်။ ဧပြီ ၁၉ ရက်မှ ၂၁ ရက်အထိ ဖြစ်ပွားခဲ့သော ကော့ကရိတ်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က အဆိုပါ ဓာတုအဆိပ်ငွေ့ဗုံးများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကျားဖြူစစ်ကြောင်း၏ ဒုတပ်ရင်းမှူး ဗိုလ်ကျော်ဟိန်းက ပြောသည်။ "၃ ရက်ဆက်တိုက်မှာ ရန်သူဘက်က ဒရုန်းဗုံးသီးတွေမှာ...

Read more
ရေး-ထားဝယ် ပြည်ထောင်စုလမ်းပိုင်းပေါ် စစ်ကောင်စီတပ် မဖြတ်ရဲတော့ ဟုဆို

ရေး-ထားဝယ် အမှတ်- ၈ ပြည်ထောင်စုလမ်းပိုင်းကို တော်လှန်ရေးအင်အားစုများက စိုးမိုးထားသဖြင့် စစ်ကောင်စီတပ် သွားလာ၍ မရတော့ကြောင်း သိရသည်။ ယခုနှစ်၊မတ်လ ၁၃ ရက်မှစတင်ပြီး ရေး-ထားဝယ် အမှတ် - ၈ ပြည်ထောင်စုလမ်းပိုင်းကို မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်- ဒေါနစစ်ကြောင်းနှင့် မဟာမိတ်တပ်ဖွဲ့များက ယနေ့အချိန်ထိ ထိန်းချုပ်စိုးမိုးထားကြောင်း ဒေါနစစ်ကြောင်းထံက သိရသည်။ “အရပ်သားခရီးသွား ပြည်သူကားတွေကို စစ်တပ်ဘက်ကသုံးပြီး ဖြတ်သန်း သွားလာတာမျိုးလည်း မရှိပါဘူး။အရင် တော်လှန်ရေးတပ်တွေ မစစ်ဆေးခင်အချိန်ကတောင် ပေါ်ပေါ်ထင်ထင်မဖြတ်ရဲတာ၊ ကျနော်တို့မဟာမိတ်ပူးပေါင်းတပ်တွေ စစ်ဆေးပြီးနောက်ပိုင်း ဒီလမ်းကို အသုံးပြုခြင်းမရှိတော့ပါဘူး။ရေလမ်းကြောင်းတခုတည်းကိုသာ စစ်ကောင်စီတပ်တွေ...

Read more

Most Read In‎ 7 Days

Pressphoto

Videos‎News

Editorial‎News

International‎News

Rakhine

Women

Federal

Interview

IDP

Media