Photo – Kaung Mrat Naing / MPA
Photo – Kaung Mrat Naing / MPA
Photo – Kaung Mrat Naing / MPA
Photo – Kaung Mrat Naing / MPA
Photo – Kaung Mrat Naing / MPA
Photo – Kaung Mrat Naing / MPA
Photo – Kaung Mrat Naing / MPA
Photo – Kaung Mrat Naing / MPA
Photo – Kaung Mrat Naing / MPA
Photo – Kaung Mrat Naing / MPA
Photo – Kaung Mrat Naing / MPA
Photo – Kaung Mrat Naing / MPA
Photo – Kaung Mrat Naing / MPA
Photo – Kaung Mrat Naing / MPA
Photo – Kaung Mrat Naing / MPA
Photo – Kaung Mrat Naing / MPA
By Kaung Mrat Naing / MPA
မြန်မာနိုင်ငံအနောက်ဖက်ရှိ ရခိုင်ရှေး ဟောင်းသမိုင်းဝင်ဒေသတစ်ခုဖြစ်သည့် မြောက်ဦးရှေးဟောင်းယဥ်ကျေးမှုနယ်မြေကို ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်း (UNESCO)အသိအမှတ်ပြု ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ရေးကြိုးစားဆောင်ရွက်နေကြပါသည်။
မြောက်ဦးယဉ်ကျေးမှုဒေသကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ရောက်ရေးအဆိုပြုလွှာမူကြမ်းကို စက်တင်ဘာလဒုတိယအပတ်က တင်သွင်းလိုက်ပြီဖြစ်သည်။
မြောက်ဦးဒေသရှိ နန်းတော်ရာကုန်း၊မြို့ရိုးတံတိုင်းများ၊ခံတပ်များ၊ကျုံးတွေအပြင် ဘုရင်များတည်ထားကိုးကွယ်ခဲ့သည့် ဘာသာရေးအဆောက် အအုံများ၊ စေတီပုထိုးများလည်းအ မြောက်အမြားတည်ရှိနေသည်။
မြောက်ဦးဒေသတွင် ရှေးဟောင်းရေအသုံးချမှုစနစ် (Ancient Hydrological System)၊ရှေးဟောင်းခံတပ်တည်ဆောက်မှုစနစ် (Ancient Fortification System)၊ သဘာဝအမွအနှစ်များ (Natural Heritages)၊ ဒြပ်မဲ့ယဉ်ကျေး မှုအမွေအနှစ်များ(Intangible Cultural Heritage)၊ ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်များ(Tangible Cultural Heritages) စုစည်းရောနှောနေသည်။
မြောက်ဦးမြို့ နန်းတော်ရာကုန်း၏ အရှေ့ဘက် တစ်မိုင်ခွဲခန့်အကွာတွင် တည်ရှိသည့် ကိုးသောင်းပုထိုးတော်လည်းပါဝင်သည်။
” တိုက်ပွဲစဖြစ်ခါစ ၂၀၁၉ အစောပိုင်းကဆိုရင် တစ်ရက်ကို ပျမ်းမျှ လက်နက် ကြီးအလုံး လေးငါးဆယ်ပစ်တယ်။အဲ ဒီလိုပစ်ခတ်မှုတွေကြောင့် ကိုးသောင်းပုထိုးမှာဆိုရင် ကွဲအက်မှုတွေဖြစ်သွား တာရှိတယ်။” ဟု မြောက်ဦးဒေသခံတစ်ဦးဖြစ်သည့် ကိုဇော်ထွန်းက MPA သို့ပြောပါသည်။
ဒီလိုအခြေအနေမျိုးတွေမှာ ရှေးဟောင်းဘုရားပုထိုးတချို့သည် ပြုပြင်ထိန်း သိမ်းမှု အားနည်းနေသည်အတွက် ပျက်စီးယိုယွင်းမှုတွေလည်း ရှိနေသည်။
” တစ်ခြား ရှေးဟောင်းယဉ်ကျေးမှုနယ် မြေတွေမှာ ကတုတ်ကျင်းတူးတာတွေ တပ်စွဲတာ တွေရှိတယ်။ ပျက်စီးမှုတွေကတော့ တော်တော်များများရှိနေတယ်”လို့ သူက ဆက်ပြောသည်။
အဆိုပြုလွှာမူကြမ်းကို ပြင်သစ်နိုင်ငံ ကမ္ဘာ့အမွေအနှစ်ကော်မတီထံသို့ ယခုလ ဒုတိယအပတ်က ရောက်ရှိသွားသော်လည်း လုပ်ဆောင်စရာများ ကျန်သေးကြောင်းသိရသည်။
ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေးအဆိုပြုလွှာမူကြမ်းကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်နေ့က ယူနက်စကို ဌာနချုပ်သို့ တင်သွင်းခဲ့ပြီး အဆိုပြုလွှာအချောသတ်ကို ၂၀၂၀ ခုနှစ် ဇန်န ဝါရီလမကုန်မီက တင်သွင်းရမည်ဖြစ်သော်လည်း ရခိုင်တွင်ဖြစ်သွားသည့် စစ်ပွဲများကြောင့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလသို့ ရွှေ့ဆိုင်းခဲ့သည်။
တိုက်ပွဲနကိုဗစ်ရောဂါကြောင့် နောက်ဆုတ်ထားရာမှ ပြီးခဲ့သည့်စက်တင်ဘာလ ၁၇ ရက်နေ့က ပြန်လည်တင်သွင်းလိုက်ကြောင်းကို ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနကသိရသည်။
ယင်းသို့ ပျက်စီးနေသည့် ကိုးသောင်းပုထိုးတော်ကို အေဒီ ၁၅၅၃-၁၅၅၆ ခုနှစ်အတွင်း ရခိုင်ဘုရင် မင်းတိက္ခာကဘုရားဆင်းထုတော် ကိုးသောင်းကို တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်။
ယင်းပုထိုးတော်သည် သျှစ်သောင်းပုထိုးတော်ကြီးကိုတည်ထားခဲ့သည့် ဘုရင်၏ သားတော် ဘုရင်မင်းတိက္ခာ တည်ထားခဲ့ခြင်းဖြစ်သည်။