မွန်ပြည်နယ်၊ရေးမြို့နယ်၊လမိုင်းမြို့တွင် စစ်တပ်တွင်းကလေးများကို လုံခြုံရေးယူ ကျောင်းပို့ပြီး ပြန်လာသည့် စစ်သားများအား တိုက်ခိုက်ခဲ့ရာ ၅ ဦးသေဆုံးသွားကြောင်းသိရသည်။
ယနေ့ နံနက်ပိုင်း ၉ နာရီဝန်းကျင်ခန့်၌ လမိုင်းမြို့ ၊မော့ကနင်းကျေးရွာအုပ်စု ရွာသစ်ကျေးရွာအနီးတွင် ဆိုင်ကယ် ၃ စီးစီးနင်းလာသည့် အမှတ် (၃၁၇) အမြောက်တပ်ရင်းက စစ်သား ၆ ဦး ကို ရေးပြောက်ကျားတပ်ဖွဲ့-YGF က ၅ မိနစ်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“၃၁၇ အမြောက်တပ်က စစ်သား သားသမီးတွေကို ကျောင်းပို့တာ လုံခြုံရေးယူပေးတဲ့ ကောင်တွေကို ကျွန်တော်တို့ ဝင်ပစ်တာဗျ။ကလေးတွေထိမှာစိုးလို့ အပြန်မှာပစ်တာ။၆ယောက်မှာ ၅ ယောက်သေတယ်။ ၁ ကောင်က ဒဏ်ရာတွေနဲ့ပြန်ပစ်နေသေးတယ်။၃၁၇ တပ်နဲ့က နီးတော့ ကျွန်တော်တို့လည်း လက်နက် ကို ရသလောက်ကောက်ပြီး ပြန်ဆုတ်လာတာ။၅ လက်မကောက်နိုင်ခဲ့ဘူး ၃ လက်ပဲရတယ်”ဟု YGF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ စောခေတ်သစ်ကပြောသည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်ခဲ့မှုအပြီး MA1၊MA3နဲ့ MA40 လက်နက် ၃ လက်ကိုသိမ်းဆည်းနိုင်ခဲ့ကြောင်းသိရပြီး စစ်သား၅ဦးသေဆုံးမှုကိုမူ MPA အနေနှင့် သီးခြားးအတည်အပြုနိုင်သေးပေ။
ဇန်နဝါရီ ၁၈ ရက်နေ့ နံနက် ၆နာရီခွဲအချိန့်ခန့်ကလည်ါး သံဖြူဇရပ်မြို့နယ် ထင်းရှူးကျေးရွာရှိ နယ်မြေရဲစခန်းကို YGF ကဝင်ရောက်တိုက်ခိုက်ခဲ့ရာရဲတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။