ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်ရှိ ရပ်ကွက်တစ်ခုတွင်ဆန်ဝေရန်ပြင်ဆင်နေသည့်သူများထဲမှ အချို့ကို ရဲက ဖမ်းဆီးသွားကြောင်းသိရသည်။
“ဆန်ဝေဖို့ပြင်နေတဲ့သူတွေကိုဖမ်းသွားခဲ့တာပါ။အခုတော့စခန်းကိုခေါ်သွားကြပါပြီ။နောက်ဆက်တွဲအခြေအနေကတော့မသိရသေးပါဘူး” ဝါးခယ်မဒေသခံတစ်ဦးက MPA သို့ပြောသည်။
ဝါးခယ်မမြို့နယ် လှေကျင်းရပ်ကွက် ၅လမ်းတွင် ဆန်ဝေရန်ပြင်ဆင်နေသည့် အချိန်တွင်ဖမ်းဆီးခြင်းခံခဲ့ရပြီးသုံးဦးထက်မနည်းအဖမ်းခံခဲ့ရကြောင်းသိရသည်။
အဖမ်းခံရသူများထဲတွင် ဆန္ဒပြပွဲတွင်အဖမ်းခံခဲ့ရပြီး မကြာမီက မြောင်းမြထောင်မှပြန်လည်လွတ်မြောက်လာသူတစ်ဦးဖြစ်သည့်မဂျူးဆိုသူလည်းပါဝင်ကြောင်းသိရသည်။လက်ရှိအချိန်တွင် ဝါးခယ်မမြို့မရဲစခန်းတွင်ရှိနေသည်။
စစ်တပ်အနေဖြင့် ကိုဗစ်ကာလတွင် အောက်ဆီဂျင်လှူဒါန်းသူများ၊ အစားအသောက်လှူဒါန်းသူများကိုဖမ်းဆီးမှုများမကြာခဏပြုလုပ်လေ့ရှိပြီး ပုဒ်မမျိုးစုံတပ်ပြီးအမှုဖွင့်လေ့ရှိသည်။
Photo- MPA(မဂျူးဆန္ဒပြပွဲတွင်အဖမ်းခံရစဉ်က ရိုက်ကူးထားသောပုံဖြစ်ပါသည်။)
Some Preparing to Distribute Rice Got Arrested in Wakema Town
By MPA
Police arrested some of those who were preparing to distribute rice to a neighborhood in Ayeyarwady’s Wakema township.
“They arrested those who were preparing to distribute rice. Now they’ve taken them to the police station. No further details have been known,” said a Wakema resident to MPA.
More than three were arrested while they were getting ready to distribute rice to Hlae Kyin Ward on the 5th street in Wakema township.
Among the arrested was Ma Juu who was arrested in a protest and was recently released. Currently, they are at the Wakema police station.
The military has been arresting oxygen donators, food donators and sued them on all sorts of laws.
Photo _ MPA (Ma Juu being arrested during a protest)