ရန်ကုန်တိုင်းဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိအ.ထ.က၂ကျောင်းမှအထက်တန်းပြဆရာမတစ်ဦးသည်နိုဝင်ဘာလ၅ရက်နေ့နံနက်ပိုင်းတွင်နေအိမ်မှကျောင်းသို့သွားရာတွင် သေနတ်ဖြင့်ပစ်ခံရပြီးသေဆုံးသွားကြောင်းသိရသည်။
အဆိုပါဆရာမမှာဒဂုံအရှေ့ပိုင်းမြို့နယ်အထက(၂)ကျောင်းမှအထက်တန်းပြဆရာမတစမဦးဖြစ်ပြီးနေအိမ်မှကျောင်းသို့သွားရာမြောက်ဥက္ကလာအဝိုင်းတွင်ပစ်သတ်ခံရပြီးသေဆုံးခဲ့ခြင်းဖြစ်သည်။
“ဆရာမကဆုံးသွားပါပြီ။အလောင်းကမြောက်ဥက္ကလာပဆေးရုံကြီးမှာပါ။လုပ်တာကသုံးယောက်လို့ကြားရတယ်။မိသွားပါပြီ။အဲ့ဒီကျောင်းကကလေးနှစ်ယောက်ပါပါတယ်” ဟုမြောက်ဉက္ကလာပဆေးရုံကြီးမှအမည်မဖော်လိုသူသတင်းရင်းမြစ်တစ်ဦးကဆိုသည်။
ဆရာမသေဆုံးသွားရခြင်းနှင့်ပတ်သက်ပြီးဆေးရုံမှကျောင်းသို့ ကြောင်းကြားပြီဖြစ်ကြောင်းသိရသည်။
စစ်တပ်နှင့်နီးစပ်သောသတင်းရင်းမြစ်များအရဆရာမသည်အငှားယာဉ်ဖြင့်ကျောင်းသို့သွားရာတွင်သေနတ်ဖြင့်သုံးချက်အပစ်ခံခဲ့ရခြင်းဖြစ်ပြီးဒဏ်ရာပြင်းထန်ဟုသာဖော်ပြထားသည်။
High School Teacher Shot Dead at North Okkalapa Roundabout
By MPA
A female high school teacher from No. 2 Eastern Dagon Myothit township high school of Yangon region was shot dead on her way from home to school on the morning of November 5.
The teacher taught at No. 2 Eastern Dagon township high school and was shot and killed at North Okkalapa roundabout, on her way to school.
“The teacher is dead. The body is at North Okkalapa hospital. It’s been heard that three carried out the attack. They’ve been caught. Two children from the school are included”, said one from North Okkalapa hospital who wants to remain unnamed.
The school has been informed by the hospital about the death of the teacher.
According to sources from those close to the military, the teacher was shot three times when she was going on a hired vehicle to school and the wounds were severe.