By MPA
စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်အတွင်း ကကဝယ်(စစ်ရုံး)နှင့် ရဲတပ်ဖွဲ့ဌာနချုပ်ရုံး အတွင်း ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီးနောက် ပြည်ထဲရေး ရုံးအပါအဝင် ရဲချုပ်ရုံး၊ စစ်ရုံးများ၏ အဝင် အ ထွက်စစ်ဆေးမှုများ နှစ်ဆတင်းကြပ်ထားကြောင်း နေပြည်တော်ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းထံကသိရသည်။
အဆိုပါရုံးများသို့ ရုံးတက်ရောက်မည့် ရဲများအ နေဖြင့် ၄င်းတို့၏ စိစစ်ရေးကတ်များ စစ်ဆေးခံရခြင်း အပါအဝင် Metal Detector(သတ္ထုရှာဖွေစက်) ဖြင့် Body Search (ခန္ဓာကိုယ်ရှာဖွေခံရခြင်း)အပြင် ၄င်းတို့၏ ထမင်းချိုင့််များပါ ရှာဖွေ စစ်ဆေးခံရကြောင်း သိရသည်။
” ဗုံးကွဲတာတွေကဆက်တိုက်ဖြစ်လာတာကိုမှ လုံခြုံရေးတင်းကျပ်ထားတဲ့ ရဲချုပ်ရုံးတွေ၊စစ်ရုံးတွေပါ ဖြစ်လာတော့။ အတွင်းလူတွေပါနိုင်တယ် ဆိုပြီး အကုန်လုံးကိုစစ်ဆေးခံရတယ်။ ဒီ Body Searchတွေက အရင်က နိုင်ငံခြားရေးဝန်ကြီး ဌာနလောက်မှာဘဲစစ်တာ။ခုက ထမင်းချိုင့်တွေထိပါဖွင့်ပြခိုင်းတယ်” ဟု နေပြည်တော် ရဲတပ်ဖွဲ့ဝင်တဦးက MPA သို့ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက်နေ့တွင် ရဲချုပ်ရုံးအတွင်းပေါက်ကွဲမှုဖြစ်ပွားခဲ့မှုကြောင့် CID လက်နက်စစ်ဆေးမှုပါရဂူ ဒုရဲမှူးကြီးသန်းဇော်နှင့် ရဲတပ်ဖွဲ့ဝင် ၃ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ဒု-ရဲမှူးကြီး သန်းဇော်၏ ခြေထောက်တဖက်ဖြတ်လိုက် ရကာ နောက်တဖက်လည်း ဖြတ်ရနိုင်ဖွယ်ရှိ ကြောင်း သိရသည်။
ထို့ပြင် အဆိုပါ အောက်တိုဘာ ၅ ရက်နေ့ နေ့လည်ပိုင်းကပင် လဝက ဝန်ထမ်းကြို/ ပို့ ယာဥ်တစ်စီး ဗုံးခွဲခံခဲ့ရပြီးနောက် အခြားဌာနဆိုင်ရာဝန် ကြီးဌာနရုံး အားလုံးတွင်လည်း စစ်ဆေးမှုများ ပို မိုတင်းကြပ်နေကြောင်း သိရသည်။
ယင်းကဲ့သို့ နေပြည်တော်အတွင်း ဗုံးဖောက်ခွဲမှု များအား နေပြည်တော်(PDF)က လုပ်ဆောင်ခဲ့ ကြောင်း သတင်းထုတ်ပြန်ထားပြီး Non-CDM ဝန်ထမ်းများအား သတိပေးထားပြီးဖြစ်ကြောင်း နှင့် အဓိကကျသည့်နေရာများအား ပစ်မှတ်ထား တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလနှင့်ယခု အောက်တို ဘာ လဆန်းပိုင်းအတွင်း PDF (နေပြည်တော်)၏ တိုက်ခိုက်မှုကြောင့် ဒုရဲအုပ် ၁ ဦး သေဆုံးခဲ့ပြီး ရဲအရာရှိကြီး ၁ ဦးအပါ ဒဏ်ရာရရှိသူ ရဲတပ်ဖွဲ့ဝင် ၇ ဦးထိ ရှိခဲ့ကြောင်း သိရသည်။
#နေပြည်တော် #ရဲချုပ်ရုံး #စစ်ရုံး #လုံခြုံရေး#အထူးတင်းကြပ် #PDF #တိုက်ခိုက်မှု #MPA