By MPA
အတိုင်ပင်ခံပုဂ္ဂိုလ်၏သက်တော်စောင့်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဒုရဲအုပ် ချယ်ရီထက်အား စစ်ကောင်စီမှ ယမန်နေ့စက်တင်ဘာလ ၂၃ရက်နေ့က နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေ ၅၀၅(က) ဖြင့် ဖမ်းဆီးတရားစွဲဆိုထားကြောင်း နေပြည်တော်ရဲတပ်ဖွဲ့အသိုင်းအဝိုင်းထံက သိရသည်။
နေပြည်တော် ဇမ္ဗူသီရိ အမှတ်(၁)မြို့မရဲစခန်းတွင် စစ်ကောင်စီ၏ရဲအရာရှိတဦးက တရားလိုပြုလုပ်ကာ အမှုဖွင့်ထားကြောင်း သိရသည်။
” ချယ်ရီထက်ကိုအမှုဖွင့်ပြီးဖမ်း ထားတာဟုတ်တယ်။ လောလောဆယ် ၅၀၅(က)နဲ့။ ရဲစည်း ကမ်းဥပဒေဖောက်ဖျက်မှုလည်းပါနိုင်တယ်။ ၅၀၅ (က)ကတော့ဘာလို့ကပ်တာလဲတော့မသိဘူး။ အရင်လကထိ အရင်တာဝန်အတိုင်း အ ကြမ်းဖက်မှာရှိနေသေးတယ်။” ဟု နေပြည်တော် ရဲတပ်ဖွဲ့ရဲအရာရှိတဦးက MPAသို့ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် အတိုင်ပင်ခံပုဂ္ဂိုလ်၏ သက်တော်စောင့် ဒုရဲအုပ်ချယ်ရီထက်အား စစ်ကောင်စီဘက်မှ အခြား တာဝန်ပေးအပ်မှု တစုံတရာမရှိခဲ့ဘဲ စောင့်ကြည့်မှုများပြုလုပ်ခဲ့ပြီး အာဏာသိမ်းပြီး ၇ လကျော်အကြာမှ ယခုကဲ့သို့ ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#ချယ်ရီထက် #သက်တော်စောင့် #ဖမ်းဆီး #MPA