ရန်ကုန်တိုင်း၊ မြောက်ပိုင်းခရိုင်မြို့အများအပြားအပါအဝင် မြို့နယ် ၁၆ ခု၏ နေရာအချို့ တွင် စက်တင်ဘာလ ၂၆ ရက် မနက် ၁၀ နာရီမှ နေ့လည် ၃ နာရီအထိလျှပ်စစ် မီးပြတ်တောက်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်း EPC ၏ ထုတ်ပြန်ချက်အရသိရသည်။
မှော်ဘီမြို့နယ် နှင့် ရွှေပြည်သာမြို့နယ်ရှိ 230 KVA ပင်မဓာတ်အား ခွဲရုံများအား အဆိုပါရက်စွဲအချိန်အတွင်း ပြုပြင် ထိန်းရေးလုပ်ငန်းများပြု လုပ်မည်ဖြစ်၍ ယာယီလျှပ်စစ်မီးဖြတ်တောက် ထားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်း မှော်ဘီ၊ တိုက်ကြီး၊လှိုင်သာယာ၊ရွှေပြည်သာ၊ထန်းတစ်ပင်၊ဒလ၊တွံတေး၊ကော့မှူး၊ကွမ်းခြံကုန်း၊ဆိပ်ကြီးခနောင်တို၊ အင်းစိန်၊ မရမ်းကုန်း၊ လှိုင်၊ကမာရွတ်၊ကြည့်မြင်တိုင်၊စမ်းချောင်းမြို့နယ်များပါဝင်ပြီး အရေးကြီးနေရာများအား ပြတ်တောက်မှုမရှိရေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
စက်တင်ဘာလ၂၄ရက်တစ်ရက်တည်းတွင်နိုင်ငံနှင့်အဝှမ်းလျှပ်စစ်ဓါတ်အားပြတ်တောက်မှုများဖြစ်ပွားခဲ့ပြီးမီးဖြတ်တောက်ခံရသည့်အချိန်များမှာမူ တစ်မြို့နှင့်တစ်မြို့မတူညီကြပေ။
လျှပ်စစ်ဓါတ်အားပြတ်တောက်ခဲ့ရခြင်းနှင့်ပတ်သက်ပြီး”လျှပ်စစ်ဓါတ်အားစနစ်ချွတ်ယွင်းမှုဖြစ်ပေါ်ခဲ့သည့်တွက် မီးပြတ်တောက်ခဲ့ခြင်းဖြစ်သည်”ဟု ရန်ကုန်လျှပ်စစ်ကော်ပိုရေးရှင်းကသတင်းထုတ်ပြန်ထားသည်။
ရန်ကုန်မြို့၊မန္တလေးမြို့များတွင်လည်းမီးပြတ်တောက်ခဲ့ပြီး ရန်ကုန်တွင်နေ့တဝက်နီးပါးမီးပြတ်တောက်ခဲ့ကာ မန္တလေးတွင် မူနာရီဝက်ခန့်သာမီးပြတ်တောက်ခဲ့သည်ဟုဒေသခံများ၏ပြောပြချက်အရသိရသည်။