စစ်ကိုင်းတိုင်း၊ မြင်းမှုမြို့နယ်အတွင်းသို့ ဝင်ရောက်လာသည့် စစ်ကောင်စီ ယာဉ်တန်းနှင့် အထိုင်ချတပ်စွဲထားသည့် နေရာများကို PDF များက တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီပြန်လည်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ပြည်သူ ၃ဦးသေဆုံးခဲ့ကြောင်း အညာညီနောင်တပ်ပေါင်းစု၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ရက်၊ ည ၃နာရီခွဲခန့်က မြင်းမူမြို့ အထက ၁ ကျောင်းဝန်းအတွင်းသို့ဦးတည်လာသည့် စစ်ကား ၅စီးကို PDF များက မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ မြင်မူးမြို့နယ်ထဲကို ဝင်လာတဲ့ စစ်ကောင်စီယာဉ်တန်းပါ၊ တစ်ပြိုင်နက်တည်း မဟုတ်ပေမဲ့ အဖွဲ့တွေက အားလုံးက နေရာစုံကနေ တိုက်ခိုက်ခဲ့တာပါ “ ဟု ၎င်းက ပြောသည်။
ထို့ပြင် စစ်ကိုင်းမြို့ အခြေစိုက် တပ်မ ၃၃သည် မြင်းမူမြို့ပေါ်၌ အထိုင်ချတပ်စွဲထားသည့် နေရာကိုလည်း Fixed wing ဒရုန်းများ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
” ကျတော်တို့ကတော့ မိုင်းဆွဲပြီး တိုက်ခိုက်တာတော့ မလုပ်ခဲ့ရဘူး။ မြင်းမူ အထက ၁ ကျောင်းထဲကို ရောက်လာတဲ့ အချိန်ကျမှ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ၊ ဗုံးကြဲနေတဲ့အချိန်မှာတောင် လူနာတင်ကားခေါ်ရတယ်လို့သိရတယ်။ စစ်ကောင်စီဘက်က အကျဆုံးစာရင်းကို မသိရသေးမယ့် အကျအဆုံးတော့ များနိုင်ပါတယ် “ ဟု မြောင်မြိုနယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့မှ ကိုနွေးဦး မြောင်ကပြောသည်။
ထိုကဲ့သို့ တိုက်ခိုက်ခံရပြီးနောက် မြင်းမူမြို့ပေါ်ရှိ စစ်ကောင်စီတပ်က အနီးအနားပတ်ဝန်းကျင်များသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ပြည်သူ ၃ဦးသေဆုံးကာ၊ ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။
လက်ရှိတွင် မြင်းမူမြို့ပေါ်သို့ စစ်ကောင်စီက အင်အားဖြည့်တင်းထားပြီး စစ်သား၊ ရဲနှင့် ပျူစောထီး အင်အား ၃၀၀ခန့်ရှိကြောင်းလည်း သိရသည်။
အထက်ပါတိုက်ခိုက်မှုကို အဖွဲ့ပေါင်း ၁၆ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် အညာညီနောင် တပ်ပေါင်းစု အပါအဝင် မြောင်မြိုနယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံ ရေးအဖွဲ-CDSOM 001 Drone Team နှင့် မြင်းမူမြိုပြတော်လှန်ရေးအဖွဲ- MCRF ၊ မြောင်မြိုနယ် ပ.လ.ဖ ၊ ဝံပုလွေပြောက်ကျားအဖွဲ-ခင်ဦးစသည့် အဖွဲ့များပူးပေါင်းခဲ့ခြင်းဖြစ်သည်။