By MPA
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ပန်းညိုကျေးရွာမှ ကြံ့ခိုင်ရေးပါတီဝင် ယခင် ဦးသိန်းစိန် အစိုးရလက်ထပ် တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်ဟောင်း ဦးဝင်းနိုင်နှင့် ၎င်း၏ တပည့်တို့ ၂ ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။
ယင်းကြံ့ခိုင်ရေးပါတီဝင် တိုင်းဒေသကြီးလွှတ် တော် ကိုယ်စားလှယ်ဟောင်း ဦးဝင်းနိုင်နှင့် ၎င်း ၏ တပည့်ဖြစ်သူ ဦးမင်းမင်းထွန်းတို့ နှစ်ဦးသည် ဇူလိုင် ၁၄ ရက် ယနေ့ မနက်ပိုင်းက ပန်းညိုရွာမှ မြောင်မြို့သို့ ဆိုင်ကယ်ဖြင့် လာရောက်စဉ် နဘက် ရွာနှင့် ကင်းရွာကြား၌ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး ၄င်းတို့နှစ်ဦးလုံး ပစ်ခတ်ခံရသည့်နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယနေ့ မနက်ပိုင်းကပင် မန္တလေးတိုင်း မြစ်ငယ်မြို့ စျေးအနီး တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အမျိုး သမီး ၁ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။
#ပြည်ခိုင်ဖြိုး #လွှတ်တော်ကိုယ်စားလှယ်ဟောင်း #သေနတ်ဖြင့်ပစ်ခတ်ခံရ #သေဆုံး #MPA