By MPA
အကြမ်းဖက် စစ်တပ်မှပြုလုပ်မည့်၇၄ကြိမ်မြောက်အာဇာနည်နေ့အခမ်းအနားကိုစစ်တပ်၏ထိန်းသိမ်းခြင်းခံထားရသည့် အာဇာနည်ခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခြင်းရှိမရှိကိုမသိရှိရသေးကြောင်းသိရသည်။
“စစ်တပ်ဘက်ကတက်ခိုင်းမယ်မတက်ခိုင်းဘူးဆိုတာတော့ကျမတို့မသိသေးဘူး။ နိုင်ငံတော်အတိုင်ပင်ခံအနေဖြင့် အဲ့ကိစ္စနဲ့ပက်သက်ပြီးပြောတာတော့မရှိသေးဘူး။စောသေးတာကြောင့်လည်းဖြစ်နိုင်ပါတယ်။လာမယ့်အပတ်မှာ လုပ်မယ့်ရုံးချိန်းကျရင်တော့ပြောဖြစ်ကြမယ်ထင်ပါတယ်”ဟု နိုင်ငံတော်အတိုင်ပင်ခံ၏ရှေ့နေတစ်ဦးဖြစ်သူတရားလွှတ်တော်ရှေ့နေဒေါ်စန်းမာလာညွန့်က MPAသို့ပြောသည်။
လာမည့်ဇူလိုင်လ(၁၉)တွင်အာဇာနည်နေ့ကို စစ်တပ်မှကျင်းပပြုလုပ်မည်ဖြစ်ကြောင်း စစ်တပ်ပိုင်မြတီသတင်းဌာနကထုတ်လွှင့်ထားသည်ကိုတွေ့ရသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သည်အာဇာနည်နေ့တွင်စစ်တပ်ကမတရားစွဲဆိုထားသည့်အမှုအတွက်တရားရင်ဆိုင်ရခြင်းဖြစ်သည့်အတွက်စစ်တပ်အနေဖြင့်အာဇာနည်နေ့ကို မည်ကဲ့သို့ဆောင်ရွက်မည်ဖြစ်ကြောင်းစစ်တပ်ဘက်သို့ ဆက်သွယ်ခဲ့သော်လည်းဆက်သွယ်၍မရရှိခဲ့ပေ။
အာဏာသိမ်းစစ်တပ်မှကျင်းပမည့်အာဇာနည်နေ့အခမ်းအနားကျင်းပမည့်အပေါ်တွင် အာဇာနည်ပုဂ္ဂိုလ်သခင်မြ၏သားတစ်ဦးဖြစ်သူဦးရဲမြင့်အောင်က”တစ်နှစ်မှတစ်ခါကိုယ့်အဖေအတွက်လုပ်တာလေမတက်လို့မှမရဘဲ။ဒါကအစိုးရနဲ့မဆိုင်ဘူး။ဘယ်သူမှမလုပ်လည်းသွားပြီးဂါဝရပြုရမှာပဲ။သွားပြီးဂါရဝပြုရမှာကမိသားစုတွေရဲ့တာဝန်။သူတို့မလုပ်လို့ပိတ်ထားရင်လည်းဖွင့်တဲ့နေ့သွားဂါဝပြုရမှာပဲ။”ဟုဆိုသည်။
စစ်အစိုးရလက်ထက်အပါအဝင်ခေတ်အဆက်ဆက်တွင် အာဇာနည်နေ့အခမ်းအနားများကိုနှစ်စဥ်မပြတ်ကျင်းပခဲ့သော်ပြီး အခမ်းအနားကြီးသည်ငယ်သည်သာကွာခြားမှုရှိခဲ့ကြောင်းသိရသည်။