မန္တလေးတိုင်း၊ပုသိမ်ကြီးမြို့နယ်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှိစစ်သားများကို ၄၀ (မမ)ဖြင့်ပစ်ခတ်ခဲ့ကြောင်း နတ်ဆိုး(မြေအောက်တော်လှန်ရေးအဖွဲ့)က ထုတ်ပြန်သည်။
မေလ ၁၈ ရက်နေ့၊ နံနက် ၁၀ နာရီဝန်းကျင်တွင် ပုသိမ်ကြီးမြို့နယ်၊မြကံသာကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌တပ်စွဲထားသော စစ်သား ၂၀ ဝန်းကျင်ကို ၄၀ (မမ) ဖြင့် ၂ ချက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
“မြကံသာအုပ်ကြီးရုံးမှာက အာဏာသိမ်းပြီးကတည်းက လာနေတာခုအချိန်ထိပဲ။ကျနော်တို့သွားပစ်တော့ သူတို့ လန့်သွားပုံရလောက်တယ်။ပြန်မပစ်ဘူး။ရုံးထဲမှာရော ဘန်ကာမှာပါ သူတို့ရှိတယ်။ကျနော်တို့ကလည်း ချက်ချင်းပြန်ဆုတ်ရတာ အပြန်လမ်းမှာ သေနတ်သံတော့မကြားမိဘူး”ဟု နတ်ဆိုး(မြေအောက်တော်လှန်ရေးအဖွဲ့) တာဝန်ခံ ဗိုလ်နတ်ဆိုးကပြောသည်။
ယင်းတိုက်ခိုက်မှုကြောင့် စစ်သားများသေဆုံး ထိခိုက်မှုအခြေအနေကိုမူ မသိရှိသေးပေ။
အဆိုပါတိုက်ခိုက်မှုကို နတ်ဆိုး(မြေအောက်တော်လှန်ရေးအဖွဲ့)နှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပုသိမ်ကြီးမြို့နယ်)တို့က ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဝင်ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင် ခဲ့ကြောင်းသိရသည်။