အကယ်ဒမီပေးပွဲသည် စစ်ကောင်စီအနေနှင့် ဆင်သေကို ဆိတ်သားရေဖြင့် ဖုံးရန် ကြိုးစားခြင်း ဖြစ်သည်ဟု တော်လှန်အနုပညာရှင် ဒါရိုက်တာ ဏကြီးပြောကြားလိုက်သည်။
“ တစ်နိုင်ငံလုံးကို အကြမ်းဖက်နေတဲ့ စကစက အကယ်ဒမီပွဲကို နေပြည်တော်မှာ ငွေကြေးအမြောက်အမြား အကုန်ကျခံပြီး ကျင်းပဖို့ ပြင်ဆင်တယ်။ အကျပ်ကိုင်ခြိမ်းခြောက်ပြီး ပွဲတက်ခိုင်းတာတွေ၊ ရွှေရင်ထိုး၊ ဟိုတယ်၊ လေယာဉ်လက်မှတ်တွေစီစဉ်ပေးပြီးတော့ စည်းရုံးနေတာတွေလည်း ရှိတယ်လို့ သိရတယ်။ သူတို့ရည်ရွယ်ချက်က ရှင်းပါတယ်။ဆင်သေကို ဆိတ်သားရေနဲ့ဖုံးဖို့ကြိုးစားနေတာပါ” ဟု ဒါရိုက်တာဏကြီးက ပြောသည်။
စစ်ကောက်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ဖလမ်းနှင့် ပဇီကြီး ရွာ မှအပြစ်မဲ့ပြည်သူ အများအပြား အသက်ဆုံးရှုံးခဲ့ရသလို မိုးဗြဲတွင် စစ်ရေးပစ်မှတ်မဟုတ်သော ဆေးရုံတစ်ရုံကို ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး စစ်ကိုင်းတိုင်းတွင်လည်း ရွာမီးရှို့ခြင်းကို စစ်ကောင်စီတပ်က နေ့စဉ်နှင့် အမျှပြုလုပ်နေဆဲ ဖြစ်သည်။
” အကယ်ဒမီ နဲ့ပတ်သက်ရင် ဘယ်သူတွေရရ၊ ဘာတွေပေးပေး social media မှာ၊ အထူးသဖြင့် Facebook မှာ react မပေးဘူး။ comment မပေးဘူး။ share မလုပ်ဘူး။ အရေးမပေးဘဲ လုံးဝ (လုံးဝ) ignore လုပ်ပြီး အာဏာရှင်ကို ဆန့်ကျင်ကြရအောင်ပါ” ဟုလည်း ဒါရိုက်ဏကြီးက ပြောသည်။
၂၀၁၉၊ ၂၀၂၀ နှင့် ၂၀၂၂ခုနှစ်များအတွက် ၃နှစ်စာ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို ယနေ့ (မေလ ၆ရက်နေ့)ညနေမှစတင်ကာ နေပြည်တော် လဟာပြင်ကဇာတ်ရုံတွင် ပြုလုပ်နေပြီဖြစ်သည်။