မကွေးတိုင်းဒေသကြီး၊ထီးလင်းမြို့နယ် ၊အကြည်ဘန်းကျေးရွာရှိ နေအိမ်များကို စစ်ကောင်စီတပ်က မေလ ၆ရက်၊ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က မီးရှိုနေသည်ဟု ကျေးရွာသားများက အတ ည်ပြုပြောကြသည်။
အဆိုပါစစ်ကောင်စီတပ်သည် ထီးလင်းနှင့်ကျောက်ထုဘက်က စစ်ကြောင်းထိုးလာပြီး ထိုစစ်ကြောင်းနှစ်ခုပေါင်းပြီးယနေ့နံနက်က ကျေးရွာအတွင်းသို့ဝင်ရော က်မီးရှို့ခဲ့သဖြင့် ဒေသခံပြည်သူများလ ည်း ထွက်ပြေးနေကြရကြောင့် ဆိုကြသည်။
“ ထီးလင်းဘက်က ထိုးလာတဲ့စစ်ကြော င်းနဲ့ကျောက်ထုဘက်က ထိုးလာတဲ့ စစ် ကြောင်း ၂ခုပေါင်းပြီး မနက် ၁၀ နာရီအချိန်ကတည်းက အကြည်ဘန်းရွာကို မီးရှို့နေကြတာ။” ဟု အကြည်ဘန်းရွာသားတစ်ဦးက MPA သို့ပြောသည်။
ထိုအကြည်ဘန်းကျေးရွာရှိ အိမ်ခြေ၂၀ ၀ ကျော်အနက် အိမ်ခြေ ၁၀၀ ကျော်ကိုစစ်ကောင်စီတပ်များမှမီးရှို့လိုက်ပြီဟု ကျေးရွာသားများကပြောကြပြီးထိုအ ခြေအနေများကို MPA ကသီးခြားအတ ည်မပြုနိုင်သေးပေ။
“ ရွာကိုတော့အကုန်ရှို့လောက်တယ်။အ ခုလည်း အိမ်တွေကို မီးရှို့နေကြတုန်း၊ရွာကလူတွေလည်း အကုန်ပြေးနေရတာ။” ဟု အကြည်ဘန်းရွာသားတစ်ဦးက MPA သို့ပြောသည်။
ထိုအကြည်ဘန်းကျေးရွာသားများသ ည် နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အရေးပေါ်အကူအညီများလိုအပ်နေကြောင့်လည်း ဆိုကြသည်။
ထိုအင်အား၂၀၀ ကျော်ပါ စစ်ကြောင်းသည်ထိုအကြည်ဘန်းကျေးရွာမှတဆင့် အလယ်ဘန်းရွာဘက်သို့ ဦးတည်ထွ က်ခွာရန် ပြုလုပ်နေကြောင်းလည်း ဒေသခံများက ဆိုကြသည်။