မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ကျွန်းဒတ်ကျေးရွာတောင်တွင် ဧပြီလ ၂၈နေ့က စစ်ကောင်စီတပ်နှင့်တိုက်ပွဲဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကျဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကအတည်ပြုပြော သည်။
အဆိုပါစစ်ကောင်စီတပ်မှအင်အား၁၀ ၀ခန့်နှင့်စစ်ကြောင်းထိုးလာသဖြင့်သွားရောက်တိုက်လိုက်စဥ် ကင်းပုန်းဝပ်သည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ တိုက်ခို က်မှုကိုခံခဲ့ကြရခြင်းဖြစ်ကြောင့် ဆိုကြသည်။
“ ကျွန်တော်တို့က ကျွန်ဒတ်ရွာတောင်ဘ က် ဝါဖာချောက်နားမှာစစ်သားတွေရော က်နေတယ်ကြားလို့ စစ်သားတွေကို လ က်နက်ကြီးနဲ့ သွားထုဖို့ သွားနေတုန်း၊ကျွန်းဒတ်ရွာတောင်ဘက် နဂါးမောက်ခြံကျော်ကျော်မှာ ကင်းပုန်းဝပ်တဲ့ စစ် သားတွေနဲ့တိုးတော့ ကျွန်တော်ကို သေ နတ်နှင့် ပစ်ခံရတာ၊ကျွန်တော်နောက်မှာ ပါတဲ့သူကလည်း ကျွန်တော်ကို သေန တ်ပစ်ခံရတာနဲ့ ဆိုင်ကယ်ပေါ်က ခုန်ဆင်းတော့ သူလည်းကတ္တရာလမ်းပေါ်မှာ ထပ်ပစ်ခံရတာ။” ဟု ထိုပစ်ခတ်မှုအ တွင်းဒဏ်ရာရခဲ့သည့်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်တစ်ဦးက MPA သို့ပြော သည်။
ထိုအပြင်စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လက်နက်ကြီးဖြင့်ပစ်ခတ်မည့်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များကိုသွားရောက်ကူညီပေးခဲ့သည့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးလည်းဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည်ဟု ဆိုကြသည်။
“ ကျွန်တော်ကလည်း ကျောရိုးနားကို သေနတ်မှန်ထားတာဆိုတော့ သူ့ကိုမကယ်နိုင်တော့ဘူး။သူကလည်းကျွန် တော်ကို လွတ်အောင်သာပြေးတော့လို့ပြောတယ်။ဒါပြီးရင် သူ့ကိုကျန်တဲ့ ပက ဖအဖွဲ့ဝင်တွေကကယ်ပြီး ရေကျတဲ့ လှို င်ခေါင်းထဲမှာ သူ့ကို ဖွက်ထားခဲ့တာ။အဲဒါကိုမှ စစ်သားတွေကတွေ့ပြီး ရက်ရ က်စက်စက်သတ်သွားတာ။” ဟု ထိုပစ်ခ တ်မှုအတွင်းဒဏ်ရာရခဲ့သည့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက MPA သို့ဆက်ပြောသည်။
ထိုကဲ့သို့ဖမ်းဆီးခံရသူများကို သတ်ဖြ တ်မီးရှို့ထားခဲ့သဖြင့် အသာစများသာတွေ့ရပြီးထိုအသားစများကိုသာ မြေမြုပ်ပေးခဲ့ရသည်ဟု ဆိုကြသည်။
စစ်တပ်ကအာဏာသိမ်းပြီးနောက်မြန် မာပြည်သူအများစု စစ်အာဏာသိမ်းမှုကိုလက်မခံဘဲ ပြည်သူ့ခုခံတော်လှန်စစ်ကိုဆင်နွှဲနေကြရာ စစ်ကောင်စီတပ်ကဖမ်းဆီးသတ်ဖြတ်မီးရှို့မှုများကိုနေ့စဥ်ရက်ဆက်ပြုလုပ်နေကြသည်ဟု ဒေသ ခံပြည်သူများက ဆိုကြသည်။