ရခိုင်ပြည်နယ်၊အမ်းမြို့ပေါ်ရှိ မြို့မရဲစခန်းက ဒုတိယစခန်းမှူးကို အကြမ်းဖက်စစ်တပ်၏ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)က စက်တင်ဘာလ ၉ ရက်တွင် ဖမ်းဆီးထားကြောင့် ရဲတပ်ဖွဲ့ဝင်များက အတည်ပြုပြောဆိုခဲ့သည်။
အဆိုပါဖမ်းဆီးခံထားရသူမှာ အမ်းမြို့ မရဲစခန်းက ဒုတိယစခန်းမှူးရဲအုပ်သက်လှိုင်ဖြစ်ပြီး မည်သည့်အကြောင်းကြောင့်ဖမ်းဆီးခံထားရသည်ကိုမသိရသော်လည်း မူးယစ်ဆေးဝါးကိစ္စသာဖြစ်နိုင် ကြောင့်နှင့်အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူးအမိန့်ဖြင့်ဖမ်းဆီးခြင်းဟုအကြမ်းဖက်စစ်တပ်မှအရာရှိတချို့က ဆိုသည်။
” အဓိကအကြောင်းရင်းကိုမသိရသေးဘူး။ ဒါပေမယ့်မူးယစ်ဆေးဝါးကိစ္စကြောင့်ဖြစ်နိုင်တယ်။ တိုင်းမှူးအမိန့်ကြောင့်ဖမ်းတာ။ စရဖတပ်ရင်းမှူးက တိုင်းမှူးလူယုံ” ဟု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊အမ်းမြို့ရှိ ခမရ ၃၇၁ မှအရာရှိကြီးတစ်ဦးက MPA သို့ ပြောသည်။
အမ်းမြို့ရှိရဲအရာရှိကြီးများအား အသိပေးအကြောင်းကြားခြင်းမပြုဘဲ ထိုမြို့မရဲဒုတိယစခန်းမှူးကို အကြမ်းဖက်စစ်တပ်၏ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)က ဖမ်းဆီးသွားခြင်းကို ရဲအသိုင်းအဝိုင်းက မကျေနပ်မှုများဖြစ်နေကြကြောင့်လည်း ရဲတပ်ဖွဲ့ဝင်များက ဆိုသည်။
ထိုအမ်းမြို့တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိသော်လည်း တိုင်းမှူးဗိုလ်ချုပ်ထင်လင်းဦးမှာ စစ်တွေမြို့တွ င်သာနေပြီး အမ်းမြို့တွင်ဒုတိယတိုင်းမှူးသာနေထိုင်ကွပ်ကွဲနေကြောင့်လည်းအကြမ်းဖက်စစ်တပ်အသိုင်းအဝိုင်းကရှင်းပြသည်။
” စရဖတပ်ရင်းမှူးက နည်းနည်းပါဝါပြတတ်တယ်။ဒုတိုင်းမှူးနဲ့လည်းသိပ်အဆင်မပြေဘူး။ဒါပေမယ့်တိုင်းမှူးလူယုံဆိုတော့ သူကအလုပ်ဖြစ်နေတာပေါ့။ တပ်ထိန်းတချို့ကိုတောင်ဖမ်းဖူးပါတယ်။” ဟု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊အမ်းအခြေစိုက် ခမရ ၃၇၃ မှ အရာရှိတစ်ဦးက ဆိုသည်။
ထိုအမ်းမြို့နယ်ရှိစစ်ဆေးရေးဂိတ်များတွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုများတွင်လည်း စရဖတပ်ရင်းမှူးကပါဝင်ချယ်လှယ်တတ်ပြီး အမ်းမြို့နယ်ရှိ စစ် တပ်အရာရှိအများစုအပါအဝင် ရဲတပ်ဖွဲ့ဝင်များနှင့်လည်း ဆက်ဆံရေးအဆင်မပြေကြောင့်လည်း ဆိုကြသည်။
ရခိုင်တွင် ရက္ခိုင့်တပ်တော်(AA)နှင့်အ ကြမ်းဖက်စစ်ျပ်တို့ကြား တိုက်ပွဲများပြင်းထန်နေပြီး ရဲ၊စစ်သားအပါအဝင်အကြမ်းဖက်တပ်ဖွဲ့ဝင်တချို့ကို အေအေက မြို့ပေါ်မှဖမ်းဆီးခေါ်ဆောင် သွားမှုတချို့ရှိနေသည့်အပြင် အကြမ်း ဖက်စစ်မှတပ်ဖွဲ့ဝင်တချို့ထွက်ပြေးနေမှုများလည်း မကြာခဏရှိနေကြောင့်တပ်အသိုင်းအဝိုင်းနှင့်ဒေသခံများက ဆိုသည်။
ယခုလ ၈ ရက်နေ့ညကလည်း အကြမ်း ဖက်စစ်ကောင်စီ၏ပြည်နယ်ရုံးစိုက်ထားသည့် စစ်တွေမြို့ပေါ်တွင် အကြမ်း ဖက်စစ်တပ်၏ ရဲတပ်ဖွဲ့ဝင်နယ်ထိန်းခေါင်းဆောင်ရဲအုပ်တစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံလိုက်ရသည်။