မြဝတီမြို့၊ ဖလူးကျေးရွာအုပ်စုတွင် အကြမ်းဖက်စစ်အုပ်စု၏ စစ်ဆင်ရေးတွင် တာဝန်ထမ်းဆောင်နေသည့် အကြမ်းဖက်စစ်ကောင်စီစစ်းသား ၅ ဦး ဇူလိုင်(၉)ရက်တွင် ထွက်ပြေးတိမ်းရှောင်ပြီး ပြည်သူ့ရင်ခွင်သို့ ခိုလှုံခဲ့ကြသည်။
လက်ရှိ KNU က CDM တပ်မတော်သား(၅)ဦးကို နွေးထွေးစွာ ကြိုဆိုပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့သည်။
အဆိုပါ ရဲဘော်(၅)ဦးမှာ ဇော်ထက်အောင်၊ ကိုယ်ပိုင်အမှတ်(တ- ၅၆၁၈၂၄)၊ အောင်ကျော်ထူး (တ-၅၆၆၁၈၁)၊ အောင်ငြိမ်းချမ်း (တတ-၁၂၄၉၇၉)၊အောင်အောင်(တတ-၁၂၄၉၇၈)၊ ရဲ မြင့်မြတ်(တတ-၁၂၅၉၉၅) တို့ဖြစ်ကြသည်။
ခမရ (၁၀၂)မှ ရဲဘော်(၅)ဦးသည် ရခိုင်မှ မကွေးသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရပြီးနောက်ကရင်ပြည်နယ် တပ်မဟာ(၆)နယ်မြေ ဥကရစ်ထ သို့ ပို့ဆောင်ခံရကာ ဖလူးဘက်မှ ပြည်သူ့ရင်ခွင်ခိုလှုံလာကြခြင်းဖြစ်ကြောင်း သိရှိရသည်။