ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်း(ပလောင်)ဒေသ၊ နမ့်ဆန်မြို့ကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁၆ရက်တွင် TNLA က စစ်ကောင်စီမှ သိမ်းပိုက်ရရှိခဲ့သည်။
နမ့်ဆန်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ စစ်သုံ့ပန်း အယောက် ၅၀ နှင့်အတူ ဗိုလ်မှူးချုပ် မင်းမင်းထွန်းကို ဖမ်းဆီးရမိခဲ့သည်ဟု လူမှုကွန်ရက်စာမျက်နှာများ၌ ဖော်ပြမှုများရှိသော်လည်း လက်ရှိအချိန်ထိ TNLA ဘက်က ထုတ်ပြန်ထားမှုများရှိသေးပေ။
အဆိုပါ နမ့်ဆန်မြို့ကို ၁၉၅၉ခုနှစ်၊ မတ်လ ၂ ရက်အထိ တအာင်းစော်ဘွားများက အုပ်ချုပ်ခဲ့သော်လည်း၊ ယင်းနောက်ပိုင်း၌ စစ်တပ်ထိန်းချုပ်ခဲ့သည်မှာ ၆၄ နှစ်ရှိခဲ့ပြီဖြစ်သည်။
ထိုကဲ့သို့ နှစ်ပေါင်း ၆၀ ကျော် စစ်တပ်ထိန်းချုပ်ထားသည့်မြို့ကို ဒီဇင်ဘာ ၁၆ရက်၌ TNLA က ပြန်လည်သိမ်းပိုက်ရရှိခဲ့ ပြီးနောက်၊ နမ့်ဆန်မြို့အတွင်း မြင်ကွင်းများကို MPA က ဖော်ပြအပ်ပါသည်။