ရခိုင်ပြည်နယ်၊ ပေါက်တောမြို့သို့ စစ်ကောင်စီရေတပ်က ၂၀၂၄ခုနှစ်၊ ဧပြီ ၂၆ရက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ပြည်သူသုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ပေါက်တောမြို့နယ်ရှိ တောင်ဦးမော်ကျေးရွာနှင့် အနီးတ၀ိုက်သို့ စစ်ကောင်စီရေတပ်က လက်နက်ကြီးဖြင့် ၁၀ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ အသက် ၁၅နှစ်နှင့် ၁၆နှစ်အရွယ် လူငယ်နှစ်ဦးအပါအဝင် သုံးဦးထိခိုက်ခဲ့ခြင်းဖြစ် သည်။
“ ထိတာကတော့ တောင်ဦးမော်က ကလေးနှစ်ယောက်ရယ်၊ အနောက်ရွာက တစ်ယောက်ရယ်ပါ၊ ရွာထဲမှာ နှစ်လုံးကျတာက ညနေပိုင်းမှာကျတာ၊ မနက်ပိုင်းမှာလည်း ပစ်သေးတယ်” ဟု စစ်ကောင်စီလက်နက်ကြီးပစ်ခတ်ခဲ့သည့် ဖြစ်စဉ် အားသိရှိသူ ပေါက်တောဒေသခံ တစ်ဦးကပြောသည်။
ထိုကဲ့သို့ စစ်ကောင်စီရေတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် တောင်ဦးမော်ကျေးရွာရှိ နေအိမ်သုံးလုံးပျက်စီးခဲ့ကြောင်းလည်း သိရသည်။
“ ဒီမှာက စစ်ကောင်စီတပ်တွေ မရှိတော့တာကြာပြီ၊ အဲ့ဒီနောက်ပိုင်း လက်နက်ကြီးနဲ့ ပစ်လိုက်၊ လေယာဉ်နဲ့ကြဲလိုက် လုပ်နေတာ၊ အခုလိုဖြစ်နေတော့ စစ်တွေဘက်ကို ပြေးတဲ့သူတွေလဲရှိတယ်” ဟု ပေါက်တော ဒေသခံတစ်ဦးက ဆိုသည်။
“ ဒီမှာက သူတို့တပ်တွေမရှိတော့တာကြာပြီ ၊အဲ့နောက်ပိုင်းလက်နက်ကြီးနဲ့ပစ်လိုက် လေယာဥ်နဲ့ကြဲလိုက်လုပ်နေတာ၊ဒါတွေဖြစ်နေတော့ဟိုးစစ်တွေဖက်ပြေးတဲ့သူတွေလဲရှိတယ်” ဟု ပေါက်တောဒေသခံတစ်ဦးကဆိုသည်။
လက်ရှိ ပေါက်တောမြို့နယ်ကို ရက္ခိုင့်တပ်တော်(AA) က ထိန်းချုပ်ထားနိုင်သော်လည်း မြို့သို့ ဆက်သွယ်ထားသည့် လမ်းများအားလုံးကို စစ်ကောင်စီတပ်က ပိတ်ထားသည့်အတွက် ဒေသခံများအနေဖြင့် ဆေးဝါးနှင့် စားနပ်ရိက္ခာပြတ် လမ်မှု ကြုံတွေ့နေရကြောင်း သိရသည်။