ရန်ကုန်မြို့၊ ပြင်သစ်ယဉ်ကျေးမှုဌာနတွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာလ ၉ ရက်နှင့် ၁၀ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါပွဲတွင် Humanitarian Aid & Understanding Urban poverty through images ဟုအမည်ပေးထားသည့် ဓာတ်ပုံပြပွဲ၊ မြို့ပြလူထု၏ ဆင်းရဲမွဲတေမှုများ စကားဝိုင်းဆွေးနွေးပွဲ၊ Hip Hop Dance သရုပ်ပြမှုနှင့် Punk Band များ၏ ဂီတ ဖျော်ဖြေပွဲများ ထည့်သွင်းကျင်းပခဲ့ပြီး ရန်ကုန်လူငယ်ထု အများအပြားတက်ရောက်ဆင်နွှဲခဲ့သည်။
ထူးခြားမှုအနေဖြင့် Punk Band များ၏ ဖျော်ဖြေရေးအစီအစဉ်မစတင်မီ တာမွေမြို့နယ်တွင် ကျဆုံး သွားခဲ့သော ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့သည့် လူငယ်နှစ်ဦးအပါအဝင် နွေဦးတော်လှန်ရေးကာလအ တွင်း နိုင်ငံတစ်ဝှမ်း ကျဆုံးခဲ့သူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်ခြင်း အပါအဝင် လူ့အခွင့်အရေးနှင့်သက်ဆိုင်သည့် နိုင်ငံရေးလှုပ်ရှားမှုအချို့ပါ ပြုလုပ်ခဲ့ကြသည်။