ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်အခြေစိုက် ပကဖက စစ်ကောင်စီကို တော်လှန်မည့်သူများအား ဖိတ်ခေါ်နေကြောင်းသိရသည်။
ရွှေပြည်သာ ပကဖက ကျန်းမာရေးကောင်းမွန်သည့် အသက် ၁၈နှစ်- ၃၅ နှစ်အတွင်းရှိ စည်းမျဉ်း စည်းကမ်းအတိုင်း နေထိုင်နိုင်AOM တပ်ဖွဲ့ဝင် သင်တန်းသားသစ်များကို အခြေခံစစ်ပညာ သင်တန်း ပို့ချရန် ဧပြီ၂၇ရက်က စတင်ခေါ်ယူခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရွှေပြည်သာမြို့နယ်၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ရွှေပြည်သာမြို့နယ်အတွင်းနေထိုင်သူဆို ပိုမိုသင့်လျော်ပါတယ်။သင်တန်းသားက ပထမဆုံးအနေနဲ့ သက်တန်းသားသစ် ၂၀ လောက် ခေါ်ယူမှာဖြစ်ပါတယ်” ဟု ၎င်းက MPA သို့ပြောသည်။
အခြေခံစစ်ပညာသင်တန်းတက်ရောက်ရန် ရန်ကုန်မြို့နေ လူငယ်အချို့ လျှောက်ထားမှုရှိကြောင်းလည်း ၎င်းက ပြောသည်။
“ အခြေခံတိုက်ခိုက်ရေးစစ်ပညာနဲ့ သင်တန်းသားတွေရဲ့အရည်အချင်းအလိုက် တခြား ပညာတွေလည်း သင်ကြားပေးသွားမှာပါ။သင်တန်းကာလ တစ်လခွဲပါ” ဟု ၎င်းကဆက်လက် ပြောသည်။
ရန်ကုန်မြို့အခြေစိုက် ရွှေပြည်သာပကဖ က သင်တန်းသားသစ် ခေါ်ယူနေသည့်အပေါ် များစွာ ဂုဏ်ယူကြောင်းနှင့် လုံခြုံရေးဆိုင်ရာ အထူးဂရုပြုသင့်ကြောင်း စမ်းချောင်းမြို့နယ်နေ လူငယ်တစ်ဦးကပြောသည်။
“ အခုလိုခေါ်တာက ကောင်းပါတယ်။ရန်ကုန်မှာလူငယ်တော်တော်များများက တော်လှန်ရေးကို ထဲထဲဝင်ဝင်ပါဝင်သူတွေချည်းပါပဲ။ စစ်မတိုက်၊လက်နက်မကိုင်တာပဲရှိတယ်။ ထောက်ပို့ကနေစပြီး ကင်းထောက်အထိ လူငယ်တွေ ကူညီပေးနေတာရှိပါတယ်။ရုံးဝန်ထမ်းတွေဆိုလည်း အားတဲ့အချိန် မှာ ကလစ်ကြတာပါပဲ” ဟု ၎င်းကပြောသည်။
လက်ရှိတွင် ရွှေပြည်သာ ပကဖက ရွှေပြည်သာမြို့နယ်အတွင်းနေထိုင်သူများနှင့် ရွှေပြည်သာ ပကဖတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများကို ပထမအဆင့်အနေနှင့် ဦးစားပေးခေါ်ယူသွားမည်ဖြစ်ကြောင်း MPAက စုံစမ်းသိရသည်။