စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်တွင် မိုင်းရှင်းလင်းမှုများပြုလုပ်သည့် အကြမ်းဖက်စစ်တပ် တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ၃၁ရက်နေ့နံနက်ပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား၄ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
“မိုင်းရှင်းလင်းရေးပုံစံမျိုးနဲ့ကားလမ်းမရဲ့ဝဲယာကိုတောက်လျှောက်လမ်းလျှောက်ပြီးဆင်းလာကြတာပါ။လမ်းလျှောက်ရှာဖွေရင်းဆင်းလာတာကိုဆွဲမိုင်းဆွဲခဲ့တာပါ။အင်အားကစုစုပေါင်း၈၂ယောက်ဆိုတော့လျှော့လျှော့ပေါ့ပေါ့၇၈ယောက်လောက်တော့အကောင်းတိုင်းကျန်ဦးမှာပေါ့” ဟု ၎င်းကဆိုသည်။
စစ်ကိုင်းတိုင်းဒေသသည် စစ်အာဏာာရှင်ကို လက်နက်ကိုင် တော်လှန်တိုက်ခိုက်နေသည့် ဒေသများအနက် အင်အားကောင်းသည့် ဒေသခံတော်လှန်ရေးအဖွဲ့အများအပြားရှိသည့် တိုင်းတစ်ခုဖြစ်သည်။
စစ်ကိုင်းအတွင်းရှိမြို့နယ်များဖြစ်သည့် တန့်ဆည်၊ဒီပဲယင်း၊မြောင်၊ကနီစသည့်မြို့နယ်များတွင် အကြမ်းဖက်စစ်တပ်နှင့် ဒေခံကာကွယ်ရေးတပ်များအကြား စစ်ရေးအခြေအနေများတင်းမာလျက်ရှိနေပြီး စစ်တပ်အနေဖြင့်မိုင်းဆွဲတိုက်ခိုက်ခံရမှုများကြောင့် အထိအခိုက်အကျအဆုံးများလျက်ရှိနေသည်။
“ဒီကောင်တွေကဒီဘက်မှာအစောင့်တွေဘာတွေချနိုင်တဲ့အနေအထားမှာရှိမနေဘူး။စစ်ကြောင်းလိုက်ပဲချီတက်နိုင်တဲ့အအထားမှာရှိနေတယ်။ ချီတက်လာတော့လည်း ပြည်သူလူထုကကျနော်တို့လိုတော်လှန်ရေးအဖွဲ့တွေကို သတင်းပေးတယ်အဲ့မှာဆွဲမိုင်းတွေကျွေးကြတာပဲ” ဟု စစ်ကိုင်းဒေသတွင် စစ်တပ်ကိုလက်နက်ကိုင်တော်လှန်တိုက်ခိုက်နေတစ်ဦးကပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလတစ်ရက်နေ့နှစ်သစ်ကူးနေ့တွင် အကြမ်းဖက်စစ်တပ်၏တပ်ဖွဲ့ဝင်များကို ဒေသအသီးသီးတွင် တော်လှန်တိုက်ခိုက်ခဲ့ကြပြီး၁၀ဦးထက်မနည်းသေဆုံးခဲ့ပြီးထိခိုက်သူအများအပြားရှိခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားသည်ကိုတွေ့ရှိရသည်။
Photo – ဂဠုန်တပ်တော်
#မိုင်းရှင်း #မိုင်းဆွဲတိုက်ခိုက်ခံရ #MPA #စစ်ကိုင်းတိုင်း