စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တောင်ပိုင်းရှိ ပန်းမွန်ချောင်းတံတားအနီးတွင် အောက်တိုဘာလ၄ရက်နေ့က မိုင်းရှာဖွေနေသောအကြမ်းဖက်စစ်တပ်သည် ကလေးပြည်သူ့ကာကွယ်ရေးတပ်ထောင်ထားသော မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရပြီး အကြမ်းဖက်စစ်သား ကိုးဦး သေဆုံးခဲ့ကြောင်းသိရသည်။
အောက်တိုဘာလ၄ရက်နေ့ ညနေ၅နာရီခွဲခန့်တွင် အကြမ်းဖက်စစ်ကောင်စီမှ စစ်ကား၁၀စီးပါဝင်သော ယာဉ်တန်းသည် ကလေးမြို့တောင်ဘက်၊ ပန်းမွန်တံတားချောင်းအကျော်တွင် မိုင်းရှာဖွေနေစဉ် အသင့်တပ်ဆင်ထားသောမိုင်းကိုဖောက်ခွဲခဲ့ကြောင်း၊လက်နက်ငယ်များဖြင့် တရစပ် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်သားကိုးဦး သေဆုံးကာ အများအပြားဒဏ်ရာရကြောင်း ကလေးပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
စက်တင်ဘာလ၃ရက်နေ့ နံနက်ပိုင်းကလည်း ကလေးနည်းပညာတက္ကသိုလ်အနီး မိုင်းရှင်းရန်လာသည့် စစ်သားများကို မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်သားတစ်ဦး သေဆုံးခဲ့သေးသည်။ ကလေးပြည်သူ့ကာကွယ်အဖွဲ့များအနေဖြင့် ယခုရက်ပိုင်းအတွင်း ကလေး၊ ဂန့်ဂေါ၊ တမူးလမ်းပိုင်းများအတွင်း ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြရန် သတိပေးထားသည်။
စစ်ကိုင်းတိုင်းသည် အကြမ်းဖက်စစ်တပ်ကိုအပြင်းအထန် ခုခံတိုက်ခိုက်လျက်ရှိသော တိုင်းဒေသကြီးတစ်ခုဖြစ်သည့်အတွက် အကြမ်းဖက်စစ်တပ်သည် အင်တာနက်ဖြတ်တောက်ခြင်း၊ ဒေသခံကျေးရွာများကို ဝင်ရောက်ရှာဖွေခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိသည်။
ပြည်သူလူထုအနေဖြင့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လမ်းမများပေါ်တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သော်လည်း စစ်တပ်မှ ဖက်ဆစ်ဆန်ဆန် အကြမ်းဖက်ဖြိုခွင်းမှုများ ရှိသည့်အတွက် လက်နက်ကိုင်တော်လှန်နေရခြင်းဖြစ်သည်။ မေလမှစတင်ပြီး တိုင်းဒေသကြီးအချို့နှင့် ပြည်နယ်အချို့တို့တွင် တိုက်ပွဲများ ယနေ့အထိ ဆက်လက်ဖြစ်ပွားလျက်ရှိနေသည်။
Nine Terrorist Soldiers Killed in Mine Explosion Planted by PDF while Searching Mines in South of Kalay
By MPA
On October 4, nine terrorist military soldiers were killed in a set-up mine explosion planted by Kalay people’s defense force while searching for mines near Panmon stream bridge in the South of Kalay township of Sagaing region.
On October 4 evening at about half past five, nine SAC soldiers were killed and many were wounded after being blown up by a set-up mine and being attacked followed by a barrage of shots with small arms while searching for mines past Panmon stream bridge, Kalay people’s defense force reported.
Also on September 3 morning, soldiers who were coming near the Kalay University of Technology for mine clearance were attacked with mines and one was killed.
Kalay people’s defense forces have warned to avoid traveling around Kalay, Gangaw and Tamu roads these days.
As Sagaing is a region with the most intense resistance against the terrorist military, the terrorist military has shut down the internet in the region and is raiding local villages and carrying out searches, burnings and destroying.
The people had to take arms because the military used factious violent crackdowns even though the people peacefully protested on the streets after the military coup. Fights have been occurring in some regions and States since May until now.