စစ်ကိုင်းတိုင်းဒေသကြီး၊ကန့်ဘလူးမြို့နယ်အတွင်း ပြည်သူ့တော်လှန်ရေးအင်အားစုများနှင့်စစ်ကောင်စီတပ်တို့ကြားဧပြီလ ၅ ရက်၊မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးခန့် သေပြီးလက်နက်များလည်း သိမ်းဆ ည်းရမိကြောင့် PDF/LPDF များက အ တည်ပြုပြောသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီလ က်အောက်ခံပျူးစောထီများဘက်မှ၂၀ ခန့်သေပြီးA1လေးလက်၊A3 နှစ်လက်၊လက်ပစ်ဗုံးနှစ်လုံး၊ကျည်ခြောက်ရာကျော်ကို ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့က သိမ်းဆည်းနိုင်ခဲ့သည်ဟုဆိုသည်။
“ သူတို့က မနေ့ကစစ်ကြောင်းထိုးတာ၊ စစ်ကြောင်းထိုးလာတဲ့အတွက် ကျွန် တော်တို့က ပြန်ခံပစ်တယ်။ပြန်ခံပစ်တဲ့အတွက်ကြောင့် တိုက်ပွဲဖြစ်တယ်။ကျွန် တော်တို့ သူတို့စခန်းကို သိမ်းနိုင်ခဲ့တာပေါ့။စခန်းသိမ်းနိုင်တဲ့အတွက် သူတို့ရဲ့သေနတ်ခြောက်လက်၊လက်ပစ်ဗုံးနှစ်လုံး၊ကျည်ခြောက်ရာကျော်သိမ်းမိတ ယ်။” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး(PDF)က MPA သို့ပြောသည်။
ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် သူတို့လက်အောက်ခံပျူးစောထီများပါဝင်ပြီးပြည်သူ့တော်တော်လှန်ရေးအင် အားစုများဘက်ကလည်း PDF/LPDF ပကဖများပါဝင်ကြောင်းပြောကြသည်။
ထိုတိုက်ပွဲများကြောင့် ဒေသခံပြည်သူ များစစ်ဘေးရှောင်ထွက်ပြေးနေကြရပြီးအကူအညီများလည်း လိုအပ်နေကြောင့် စစ်ဘေးရှောင်ပြည်သူများက ဆိုကြသည်။
ထိုတိုက်ပွဲများအတွင်း ပြည်သူ့တော်လှ န်ရေးအင်အားစုများတွင် လက်နက်ခဲယမ်းများမပြည့်စုံသော်လည်း အကြမ်းဖက်မှုကိုပြန်တော်လှန်မည်ဆိုသည့် စိတ်ဓာတ်ခံယူချက်ဖြင့်သာ တိုက်ပွဲဝင်နေကြရကြောင့်လည်း ၎င်းတို့၏ သ ဘောထားခံယူချက်များကို ပြောပြ သည်။
“ ကျွန်တော်တို့အဖွဲ့မှာ သေနတ်အစစ်ဆိုမရှိဘူး။ကျွန်တော်တို့လက်လုပ် သေန တ်တွေ၊တစ်တောင်ထိုးတွေ၊ကိုးလုံးတွေနဲ့ဘဲတိုက်ပွဲဝင်တယ်၊အဲဒီဟာနဲ့တိုက်ပွဲဝင်ပြီး ကျွန်တော်တို့အလုပ်လုပ်တယ်။ကျွန်တော်တို့မှာ ခံယူချက်တစ်ခုပဲရှိတယ်။ကျွန်တော်တို့ဘယ်လိုဘဲဖြစ် ဖြစ်၊ဘယ်အနေအထားဘဲဖြစ်ဖြစ်၊ ကျွန်တော်တို့ အကြမ်းဖက်စစ်ကောင်စီကို ပြန်တော်လှန်မယ်။သူတို့ကို လက်မခံဘူးဆိုတဲ့ ခံယူချက်တစ်ခုပဲရှိတယ်။” ဟု ကန့်ဘလူမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့၏စစ်ရေးတာဝန်ခံတစ်ဦးကMPA သို့ပြောသည်။
ထို့ကြောင့်စစ်အာဏာရှင်စနစ်ဆိုးကို အ မြစ်ဖြတ်ဖယ်ရှားနိုင်ရေးအတွက် ကန့်ဘလူခရိုင်ရှိပြည်သူ့ကာကွယ်ရေးလက် နက်ကိုင်အင်အားစုများကို လက်နက်ခဲယမ်းနှင့်ရိက္ခာများကူညီထောက်ပံ့ရန်လိုအပ်ကြောင်းလည်း PDF/LPDFများတောင်းဆိုကြသည်။
ထိုစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကန့်ဘလူမြို့နယ်ရှိ ဒေသခံပြည်သူလူထုကို လူသားဒိုင်းကာပြုလုပ်ခြင်း၊လူနေအိမ်နှစ်ထောင်ကျော်အထိ နှစ်လအတွင်း နှမီးရှို့ဖျက်စီးခဲ့ကြောင့်လည်း ဒေသခံပြ ည်သူများက ဆိုကြသည်။
စစ်ကိုင်းတိုင်း၊ကန့်ဘလူခရိုင်တွင် စစ်ဘေးရှောင်ထွက်ပြေးနေကြရသည့် ဒေ သခံပြည်သူ ငါးထောင်နီးပါးရှိပြီးစား နပ်ရိက္ခာ၊သောက်သုံးရေ၊အဝတ်အထ ည်များနှင့်ဆေးဝါးအကူအညီများ လိုအပ်နေကြောင့် စစ်ဘေးရှောင်ပြည်သူများက ဆိုကြသည်။