ကျောက်ဆည်၊မြင်းကဘတ်ကျေးရွာရှိတပ်ထွက်ဒလန်ဟုဆိုသည့် အောင်ဝင်းအသတ်ခံရမှုအတွက် ဒေသခံရွာသားသုံးဦးကိုစစ်ကောင်စီကလာရောက်ဖမ်းဆီးခဲ့ရာ ရှာဖွေသူများကိူမတွေ့သဖြင့်ရွာသားတစ်ဦး၏အမျိုးသမီးကို ကိုဧပြီ၂၅ရက်ကဓါးစာခံအဖြစ် အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း ကျေးရွားသားတစ်ဦးကဆိုသည်။
ဒလန်အောင်ဝင်းအသတ်ခံရပြီးနောက်ပိုင်း အကြမ်းဖက်စစ်ကောင်စီသည် ကျေးရွာရှိ ကိုမျိုးနိုင်ဝင်း၊ကိုစိုးလင်းအောင်၊ကိုသန်းဟန်ဇော်တို့ကိုသံသယရှိများဟုစွတ်စွဲကာရွာတွင်းဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ခြင်းကို ဧပြီ ၂၅ ရက်နေ့ကပြုလုပ်ခဲ့သည်။
လာရောက်ဖမ်းဆီးသည့် ရွာသားများကိုမတွေ့ရှိသဖြင့် အလိုရှိသူရွာသားတစ်ဦး၏ အမျိုးသမီးဖြစ်သူမငြိမ်းငြိမ်းအေးကို ဓါးစာခံဖမ်းကာ စွတ်စွဲခံရသူများကိုလာအဖမ်းခံရန် အကြမ်းဖက်စစ်တပ်ကရွာကိုခြိမ်းခြောက်ထားကြောင်း ရွာသားတစ်ဦးကဆိုသည်။
အကြမ်းဖက်စစ်ကောင်စီအလိုရှိသူသုံးဦးထဲမှ ကိုစိုးလင်းအောင်၊ကိုသန်းဟန်ဇော်နှစ်ဦးမှာမငြိမ်းငြိမ်းအစားသွားရောက်ဖမ်းခံထားကြသည်။
လက်ရှိတွင်ဓါးစာခံအဖမ်းခံရသူမငြိမ်းငြိမ်းအေးကိုအကြမ်းဖက်စစ်ကောင်စီကပြန်လွတ်ပေးလိုက်ကြောင်းသိရသည်။
“နောက်ရက်မှာဘာမှမလုပ်ထားတာကြောင့်ရွာသားတွေကသွားအဖမ်းခံတာပေါ့။ မင်းတို့နှစ်ယောက်ကိုရဲစခန်းမှာမေးရုံဘဲ။ အဲလိုပြောပြီးအခုစစ်ကြောရေးပို့လိုက်တာအခုအချိန်အထိ ဘာစတင်းမှမရဘူးမိသားစုတွေလဲစိတ်ပူနေတယ်”ဟုရွာသားတစ်ဦးကပြောသည်။
ကျောက်ဆည်၊မြင်းကဘတ်ကျေးရွာရှိတပ်ထွက်ဒလန်ဟုဆိုသည့် အောင်ဝင်း ကိုသေမင်းတမာန်အဖွဲ့ကသုတ်သင်ခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။
“အဓိကကတော့ဒလန်အောင်ဝင်းရဲ့မိန်းမကစစ်တပ်ထဲမှာရှိတဲ့သူရဲ့သားအားကိုးနဲ့ရွှာမှာရှိတဲ့ပုဂ္ဂိုလ်ရေးမကျေနပ်သူတွေကိုလက်ထောက်ချတာ၊အဲ့ဒါကြောင့်အပြစ်မရှိတဲ့ရွာသားတွေကိုစစ်တပ်ကဝင်ဖမ်းတာ”ဟု ကျောက်ဆည်PDFပြန်ကြားရေးကဆိုသည်။
အဆိုပါ ဒလန်ဟုဆိုသည့် အောင်၀င်း သည် ကျေးရွာလူထုကိုမီတာခ ခြိမ်းခြောက်တောင်းခြင်း၊ မဟုတ်မမှန်သတင်းများပေးခြင်း၊ စကစ စစ်ဆေးရေးဂိတ်များတွင်ဒေသခံများ၏အချက်အလက်များကို အကြမ်းဖက် ရဲနှင့် စစ်သားများအားသတင်းပေးခြင်းများလုပ်ဆောင်ခဲ့ပြီး သားဖြစ်သူသည်လည်း အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဗိုလ်တစ်ဦးဖြစ်ကြောင်း ဒေသခံများကအခိုင်အမာထွက်ဆိုသည်။