ကရင်ပြည်နယ်၊ တပ်မဟာ ၆နယ်မြေရှိ ကော်ဘရာစစ်ကြောင်းတွင် အကြမ်းဖက်စစ်ကောင်စီမှ သိမ်းဆည်းရမိသည့် လက်နက်များပြုပြင်ခြင်း၊ တော်လှန်ရေးတပ်များမှ လက်နက်များပြုပြင်ခြင်းနှင့် တိုက်ပွဲများတွင် လက်နက်ကြီး စစ်သေနတ်များကို ကိုယ်တိုင်ပစ်ခတ်ရာတွင် ဝါသနာပါသလို တော်လှန်ရေးရဲဘော်များက ကော်ဘရာ ကပစ ( ကာကွယ်ရေးပစ္စည်းစက်ရုံ) ဟု ခေါ်ဝေါ်သည့် ကိုရှိုင်း အကြောင်းကို MPA မှမြေပြင်ထိသွားရောက်ရိုက်ကူးတင်ပြထားပါသည်။
နိုင်ငံရေးအကျဉ်းသား LGBT တစ်ဦး လိင်ပိုင်ဆိုင်ရာ နှောက်ယှက်ခံရ
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီအကျဉ်းထောင်တွင် အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသား မောင်ရဲရင့်ကို(ခ)ရဲရဲဆိုသူအား အကျဉ်းသား ပြူးကြီးဆိုသူက မုဒိမ်းမှုကျူးလွန်ရန် ကြိုစားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ကထုတ်ပြန်ထားသည်။ အဆိုပါ LGBT နိုင်ငံရေးအကျဉ်းသားသည် ၂၀၂၁ခုနှစ်၊ စက်တင်ဘာလအတွင်း စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ပုဒ်မ ၅၀(ဈ)၊...