မြန်မာ့အရေးကို ကျားဖြန်နှင့် နယ်စပ်ဒေသတည်ငြိမ်ရေးမျှသာ တွေးပြီး ကူမင်းဆွေးနွေးပွဲအဖြစ် ကမ ကထ ပြုခဲ့သော တရုတ်ဆေးမြီးတိုမှာ ဒီဇင်ဘာ၁၈ရက်တွင် စစ်ကောင်စီ၏ လေကြောင်းစစ်ချီ တဝုန်းဝုန်း မြည်သံတို့အောက် ခေါင်းမီးတောက်ရပြန်ပြီဖြစ်သည်။
ဒီဇင်ဘာပထမအပတ်အတွင်း တရုတ်အစိုးရ၏စီစဉ်ပေးမှုအရ ကူမင်းတွင် ညီနောင်၃ဖွဲ့နှင့်စစ်ကောင် စီကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ပြီးနောက် ဒီဇင်ဘာ၁၁ရက်နောက်ပိုင်း ကိုးကန့်ဒေသ၌ တိုက်ပွဲများ ငြိမ်သက် သွားခဲ့သော်လည်း ဒီဇင်ဘာ၁၈ရက်တွင်မူ သေမင်းငင်နေသော စစ်ကောင်စီ၏ တိုက်လေယာဉ်တို့ စတင်ဗုံးကြဲ ခဲ့ပြီဖြစ်သည်။
ဒီဇင်ဘာ၁၈ရက်မှ ၂၁ရက်နေ့အထိ စစ်ကောင်စီတပ်က ကိုးကန့်ဒေသကို လေကြောင်းတိုက်ခိုက်မှု ၄၉ကြိမ်ပြုလုပ်ခဲ့ပြီး ဒီဇင်ဘာ၁၈ရက်၊ညနေပိုင်းကလည်း ကိုးကန့်ဒေသ၊လောက်ရှမ့်ထန်နေရာရှိ ကိုးကန့်တပ် မတော်MNDAA ၏ ခံတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း MNDAA ကထုတ်ပြန်ခဲ့သည်။
ဒီဇင်ဘာ၂၁ရက်နေ့၊ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ပြောရေးဆိုခွင့်ရှိ သူက စေ့စေပ်ဆွေးနွေးပွဲ သဘောတူညီချက်များအတိုင်း အမြန်ဆုံးအကောင်အထည်ဖော်ရန် တိုက်တွန်းခဲ့သည်။
ကိုးကန့်ဒေသတွင် ပြန်လည်ဝုန်းဒိုင်းကြဲပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ တိုက်တွန်း ချက်ဖြစ်သည်။သတင်းတချို့က ကူမင်းဆွေးနွေးပွဲတွင် ညီနောင်၃ဖွဲ့နှင့်စစ်ကောင်စီကိုယ်စားလှယ်တို့ မည် သည့်သဘောတူညီချက်မျှ မရခဲ့ကြောင်း ဖော်ပြသော်လည်း တရုတ်အစိုးရကမူ သဘောတူညီချက်များရရှိ ခဲ့ကြောင်းဆိုသည်။သို့သော်၊မည်သို့သော သဘောတူညီချက်များရရှိခဲ့သလဲဆိုသည်ကို ညီနောင်၃ဖွဲ့၊စစ်ကောင် စီနှင့်တရုတ်အစိုးရတို့ပါ ထုတ်ဖော်ပြောကြားခြင်းမရှိပေ။
မျက်မြင်မြင်ကွင်းကိုပြောရမည်ဆိုလျှင် ကူမင်းဆွေးနွေးပွဲအပြီး MNDAA ၏ ထိုးစစ်မှာ ရပ်သွားခဲ့ပြီး ဒီဇင်ဘာ၁၈ရက်တွင်မူ လေကြောင်းတိုက်ခိုက်မှုများ ပြန်လည်စတင်ခဲ့သလို လောက်ကိုင်မြို့အရှေ့မြောက် ဘက် ၃မိုင်ခန့်အကွာရှိ ရန်လုံကျိုင်းနယ်စပ်ဂိတ်မှ စစ်ကောင်စီတပ်သားများ လက်နက်ချလိုက်သဖြင့် ယင်းဂိတ်ကို MNDAA က အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့သည်။ထို့နောက် ဒီဇင်ဘာ၂၀ရက် နံနက်တွင် လောက် ကိုင်မြို့၌ MNDAA နှင့်စစ်တပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ကူမင်းဆွေးနွေးပွဲအပြီးတွင်လည်း တအောင်းတပ်မတော်TNLA နှင့် ရက္ခိုင့်တပ်တော် AA တို့က ပုံမှန် အတိုင်း ထိုးစစ်ဆင်နေရုံတင်မက TNLA က ဒီဇင်ဘာ၁၅ ရက်တွင်နမ့်ဆန်မြို့၊ ဒီဇင်ဘာ ၁၉ရက် တွင်နမ့်ခမ်း မြို့နှင့်ဒီဇင်ဘာ၂၂ရက်တွင် မန်တုံမြို့တို့ကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ် သည်။
လောက်ကိုင်မြို့တွင် တိုက်ပွဲများပြင်းထန်လာပြီဖြစ်၍ တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်ထားသော စစ်ကောင်စီဩဇာခံ၊ကိုးကန့်ဒေသ အုပ်ချုပ်ရေးခေါင်းဆောင်ဟောင်း ပယ်ရှောင်ချိန်အပါအဝင် ၁၀ ဦး မည် သည့်နေရာသို့ ရောက်နေပြီလဲဆိုသည့် မေးခွန်းကလည်း ရှိလာသည်။
ယခင်က ကျားဖြန်ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းသံသယဖြင့် တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်တိုင်း စစ် ကောင်စီကလည်း လိုက်လံဝရမ်းထုတ်လေ့ရှိသော်လည်း ပယ်ရှောင်ချိန်အပါ ၁၀ဦးကိုမူ စစ်ကောင်စီက ယခု အထိမသိချင်ယောင်ဆောင်နေမြဲဖြစ်သည်။
တရုတ်အစိုးရကလည်း ထို၁၀ဦးကိုဖမ်းမိပြီဟု ထုတ်ဖော်ပြောကြားခြင်းမရှိသဖြင့် စစ်ကောင်စီက ဖမ်း ဆီးလွှဲအပ်လိုက်ခြင်းမဖြစ်နိုင်။အတည်မပြုနိုင်သေးသော သတင်းတချို့က စစ်ဗိုလ်ချုပ်တို့သည် တရုတ်ကိုအံ တုကာ ပယ်ရှောင်ချိန်တို့၁၀ဦးအား လောက်ကိုင်မှ နေပြည်တော်သို့ ကယ်ထုတ်သွားကြပြီဟုဆိုသည်။
ထိုသို့မှန်သော် လောက်ကိုင်ကျန်းဖြန်ဂိုဏ်းကို ပြတ်ပြတ်သားသား ချေမှုန်းပစ်မည်ဆိုသော တရုတ်အ စိုးရ၏သံန္နိဌာန်ကို စစ်ကောင်စီက အာခံလိုက်ခြင်းဖြစ်သလို ယင်းသည် တရုတ်အစိုးရ ကမကထ ပြုနေသော ကူမင်းဆွေး နွေးပွဲအထိပင် သက်ရောက်နိုင်ခြေရှိသည်။
တရုတ်၏မြန်မာအရေး လတ်တလောမျှော်လင့်ချက်မှာ လောက်ကိုင်တွင် ကျားဖြန်ကင်းစင်စေရေးအ တွက် စစ်ကောင်စီဩဇာခံများကို ရှင်းထုတ်ကာ MNDAA လက်ထဲသို့ လောက်ကိုင်ကိုအပ်။ညီနောင်၃ဖွဲ့ အနေ နှင့် တိုက်ပွဲများကို ရပ်၊ နွေဦးတော်လှန်ရေးကို သွားမပတ်သက်နှင့်ဖြစ်ပြီး တရုတ်၏ ယင်းသို့ သောစိတ် ကူး ယဉ်မှုအပေါ် စစ် ကောင်စီကိုယ်တိုင်က ချေဖျက်နေသကဲ့သို့ပင်ဖြစ်သည်။
ကူမင်းတွင် တရုတ်အလိုကျ ညီနောင်၃ဖွဲ့နှင့် စစ်ကောင်စီ ဆက်လက်တွေ့ဆုံဆွေးနွေးမှုများ ရှိနိုင် သော်လည်း သဘောတူညီချက်များရရှိရန် မလွယ်သလို တဝုန်းဝုန်းတောက်လောင်နေသောမီးကို တရုတ်ဩ ဇာဖြင့် ငြှိမ်းသတ်ရန်လည်း မည်သို့မျှ မဖြစ်နိုင်ပေ။
နွေဦးတော်လှန်ရေးသည် မြန်မာပြည်သူတို့၏ အလံတော်ဖြစ်ပြီး မြန်မာ့အရေးသည် မြန်မာပြည်သူ တို့၏ ဆန္ဒသဘောထားအတိုင်းသာလျှင်ဖြစ်ကာ မြန်မာပြည်သူတို့၏ ဒီမိုကရေစီအိပ်မက်မှာလည်း မည်သူ ကမှ ချေဖျက်၍မရအောင် ကျောက်သားပမာ ခိုင်မာလျက်ရှိနေပေသည်။