ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ ၄၂၃၂ဦး စစ်ကောင်စီလက်ချက်ဖြင့် ကျဆုံးခဲ့ပြီးဖြစ်သည့် ဒီဇင်ဘာ ၄ရက် တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ၏ သွေးသံတရဲရဲ ပါးစပ်မှနေ၍ နိုင်ငံရေးအရ ဖြေရှင်းရေး ဆိုသည့်စကားကို ထုတ်ပြောလာခဲ့သည်။
သွေးညှီနံ့နံနေသော မင်းအောင်လှိုင်ပါးစပ်မှ ထိုသို့ ပြောထွက်ရဲလာသော ဒီဇင်ဘာ၄ရက်တွင် ရှမ်း မြောက်တခွင်၌ စစ်တပ်စခန်း ကြီး၊ ငယ် ၂၅၀ကျော်နှင့် မြို့အချို့ အသိမ်းခံထားရပြီးဖြစ်သလို ဒီဇင်ဘာ၄ရက်၊ ညနေပိုင်း၌ ပဲခူးတိုင်း၊ကျောက်ကြီးမြို့နယ်၊မုန်းမြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်( BPLA ) တို့က သိမ်းပိုက် ခဲ့သည်။
၁၀၂၇ စစ်ဆင်ရေး စတင်သည့် အောက်တိုဘာ၂၇ရက်မှစတင်ကာ အရှုူံးပေါ် အရှုံးထပ်ကာ အရှုံးပင် လယ်ဝေနေသော နေပြည်တော်မင်းသားကြီးခမျာ ကိုယ့်ဘဝပေးကိုယ်သိကာ တိုက်ပွဲများ ရပ်စေရေးအတွက် စကားခေါ်ရတော့သည်။သို့သော်၊ ဘဝင်မြင့်ရောဂါကလည်း ရှိနေသေးပြန်တော့ နိုင်ငံရေးအရအဖြေရှာရာတွင် တို့တာဝန်အရေးသုံးပါးကို မထိရ၊အခြေခံဥပဒေကိုလည်း လက်လွှတ်မည်မဟုတ်ဟု ဟန်ကိုယ့်လိုက်ပြန် သည်။
ထို့အပြင် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကမှ တရုတ်အစိုးရသည် ညီနောင်၃ဖွဲ့အပေါ်အခြေပြုကာ ကျူးကျော်စစ်ဆင်နွှဲနေသည်။ ညီနောင်၃ဖွဲ့နှင့်PDF တို့အပေါ် လက်နက်ထောက်ပံ့နေသည်ဟု စစ်ကောင်စီက ၎င်းတို့၏ လမ်းဘေးစပီကာ စစ်ကျွန်းမျိုးချစ်တို့အား အဆင်ခြင်မဲ့ စွပ်စွဲ ဆန္ဒပြခိုင်းပြီးကာမှ ယခုအခါ တရုတ် ရှေ့တော်မှောက် ဘေဂျင်းသို့ အရောက်သွားကာ မျက်ရည် ခံထိုးပြန်ပြီဖြစ်သည်။
ဒီဇင်ဘာ၆ရက်နေ့၊ မင်းအောင်လှိုင်ခန့် နိုင်ငံခြားရေးဝန်ကြီး သန်းဆွေ ဘေဂျင်းတွင် တရုတ်နိုင်ငံခြား ရေးဝန်ကြီး ဝမ်ယိနှင့် တွေ့ဆုံရာ၌ မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းတည်ငြိမ်ရေး တရုတ်၏ထောက်ခံမှုနှင့်အကူအ ညီ ဆက်လက်ရရှိရန် မျှော်လင့်ပါသည်ဟု ပြောကြားခဲ့သည်။
သန်းဆွေ၏ပြောစကားကို သံတမန်ရေး တန်ဆာဆင်မှုများ ခွာချလိုက်ပါက စစ်ကောင်စီကို ထောက် ခံမှုပေးရန်နှင့် ၁၀၂၇စစ်ဆင်ရေး ရပ်ရေး ညီနောင်၃ဖွဲ့နှင့် ညှိနှိုင်းပေးရန်ဟူ၍ ဖြစ်ပေမည်။ပြောရ လျှင် ကိုယ့် အရှုံး ကိုယ် မြင်အောင်မကြည့်တတ်သော မင်းအောင်လှိုင်က တရုတ်အစိုးရကြောင့်ပဲ ရှမ်းမြောက်တခွင် စခန်း ရှုံး၊ မြို့ရှုံး အရှုံးကြီးရှုံးနေသလို အဆင်ခြင်မဲ့ ရမ်းကားခဲ့ပြီးနောက် တောင်းပန်တိုးလျှိုး မျက်ရည်ခံ ထိုး ခြင်း မှာ နေပြည်တော်မင်းသားကြီး အရူးအမူး ပြာလူးနေပြီဖြစ်ကြောင်း ပေါ်လွင်နေပေသည်။
၁၀၂၇ စစ်ဆင်ရေးမှစတင်ကာ သေဆုံးစစ်သားမနည်း၊အညံ့ခံ လက်နက်ချ သုံ့ပန်းစစ်သားမ နည်း၊ ပြည်သူ့ရင်ခွင်ဝင် စစ်သားများလည်း တပ်ရင်းနှင့်ချီ။ရှမ်းမြောက်၊ကချင်၊ချင်း၊ရခိုင်၊က ရင်နီနှင့်ကရင်ဒေ သတို့ တွင် တိုက်ပွဲများအလီလီ။ထိုသို့သော အကြောင်းပေါင်းစုံအရ စစ်ဗိုလ်ချုပ်တို့၏ မိုက်မဲမှုအတွက် ထပ်မံအသေ ခံရန် စစ်သားလို အပ်ချက်က သိပ်များနေခြင်းကြောင့် ထောင်ကျနေသော စစ်သားများလည်း ထောင်ထဲတွင် အေးဆေးမနေရ တော့။ လွတ်ငြိမ်းခွင့်ပေးပြီး မဝင်မနေရ စစ်ထဲပြန်ဝင်စေ ခြင်းမှာ အရှုံးပင်လယ်ဝေနေသော စစ်ဗိုလ်ချုပ်တို့၏ လုပ်မိလုပ်ရာ ကောက်ရိုးတစ် မျှင်ပမာ ဖြစ်သည်။
စစ်ဗိုလ်ချုပ်တို့အတွက် စစ်သားလိုအပ်ချက်ပင် များနေသလားဆိုတော့ ဒေါ်လာငွေလိုအပ်ချက်သည် လည်း ကြီးကြီးကျယ်ကျယ်များလျက်ပင်ဖြစ်သည်။မအောင်မြင်သော အာဏာသိမ်းပွဲ စတင်ပြီးမကြာ၊ အဝင်မ ရှိ တစ်သုတ်ပြီးတစ်သုတ် အထွက်သာရှိသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊နိုင်ငံရေးတည်ငြိမ်မှုမရှိခြင်းနှင့် နောက် ဆက်တွဲဂယက်များကြောင့် ပို့ကုန် ကျဆင်းခြင်း၊ထိချက်ပြင်းလာသော အမေရိကန်နှင့် အနောက်အုပ်စုတို့၏ ပိတ်ဆို့အရေးယူမှု နှင့် ယခုနောက်ဆုံးပေါ် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေခြင်းတို့အရ နိုင်ငံခြားငွေ အဝင် ပါးလျနေချိန် စစ်ပွဲများအတွက် လက်နက်ဝယ်ယူရမှု ပိုများလာခြင်းကလည်း နေပြည်တော်မင်းသားကြီးခမျာ အိပ်၍မပျော်သော ညများစွာဖြင့် မနက်ဖြန်အကြောင်း ဆက်တွေးရန် ခက်ရပေပြီ။
နေပြည်တော်တွင် မိုးမီးလောင်နေပြီဖြစ်သည်။ခေါင်းမီးတောက် နေ သော စစ်ဗိုလ်ချုပ်တို့ ခေါင်းချင်း ဆိုင်ကာ အဖြေမရှိသော ဖြေဆေးကို ရှာဖွေနေ ကြကုန်သည်။ပြည်သူမပေးသော ပလ္လင်ပေါ် ဇွတ်အတင်းတက် ထိုင်ချင်နေသော နေပြည် တော်မင်းသားကြီး ခမျာ အရှုံးမျက်ရည်များဖြင့် ဈာပနတေးကို စတင်သီကုံးနေရ ပြီဖြစ်သည်။