ပြည်သူ့လုံခြုံရေးအဖွဲ့ဟုဆိုကာ အကြမ်းဖက်စစ်ကောင်စီဘက်က ဖွဲ့စည်းထားသည့် စစ်ကောင်စီထောက်တိုင်များကို စစ်ရေးအရ အရေးယူမည်ဟု ယနေ့တွင် NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
အကြမ်းဖက်စစ်ကောင်စီ၏ အလိုအတိုင်း ယင်းအဖွဲ့များထဲသို့ မဝင်ရန် NUG ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထားပြီး အကြမ်းဖက် ထောက်တိုင် စစ်ရေးပစ်မှတ်များ အဖြစ် သတ်မှတ်လိုက်ပြီဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ ပြန်ကြားရေးမှ ထုတ်ဖော်ပြောဆိုချက်များအရ စစ်ကောင်စီက ပြည်သူ့လုံခြုံ ရေးအဖွဲ့ အပါအဝင် အရပ်သားများပါဝင်သည့် ကာကွယ်ရေးစနစ် တနည်းအားဖြင့် ပြည်သူကို ပြည်သူနှင့် ပြန်တိုက်သည့် အကြမ်းဖက်စနစ်ကို ဖော်ဆောင်ရန် သိရှိထားပြီး ယင်းအဖွဲ့များတွင် ပါဝင်နေသည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များ၏ အထောက်အထားများကို ရရှိထားပြီ ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထားသည်။
ပြည်သူများအနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီက ဖွဲ့စည်းထားသည့် ပြည်သူ့လုံခြုံရေးအမည်ခံ အဖွဲ့များအတွက် အင်အား စုဆောင်းခြင်းများတွင် လုံးဝမပါဝင်ဘဲ ဆန့်ကျင်ရန် တိုက်တွန်းထားသလို ယင်းအဖွဲ့များတွင် ဆောင်ရွက်နေသူများကို သိရှိပါကလည်း တယ်လီဂရမ် ” info2mod ” ၊ အီးမေးလ် ”
[email protected]” သို့ ထောက်အထားများနှင့်တကွ တိုင်ကြားကြရန် ထုတ်ပြန်အသိပေးထားသည်။
ပျူစောထီး၊ သွေးသောက်၊ သွေးသစ္စာ၊ စွန်ရဲ အစရှိသည့် အမည်အမျိုးမျိုးနှင့် အကြမ်းဖက်အဖွဲ့များ ဖွ့ဲစည်းခဲ့ရာမှ လက်ရှိတွင် အကြမ်းဖက် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် တိုက်ရိုက်စီမံ ကွပ်ကဲမည့် ပြည်သူ့လုံခြုံရေးအမည်ခံ အဖွဲ့များ ဖွဲ့စည်းနေကြောင်းကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်အသိပေးခဲ့ခြင်းသည်။