ဘူးသီးတောင်-မောင်တောဒေသရှိ ဒေသခံများ ညမထွက်ရန် AA အမိန့်ထုတ်
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်-မောင်တောဒေသရှိ ဒေသခံများအနေဖြင့် ညမထွက်ရန် ရက္ခိုင့်တပ်တော်(AA) က ၂၀၂၄ခုနှစ်၊ ဧပြီ ၂၆ရက်တွင် အမိန့်ထုတ်ပြန်ထားသည်။ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီနှင့် AA တို့အကြား ဘူးသီးတောင်၊ မောင်တော၊ အမ်းနှင့် သံတွဲမြို့နယ်တို့တွင် နေ့စဉ် တိုက်ပွဲများဖြစ်ပွားလျက်ရှိကာ၊...