တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ် အထိနာပြီးနောက် စစ်ကူ ရောက်ရှိလာကာ စစ်ကြောင်းထိုးရန် တာစူနေကြောင်း သိရသည်။
မတ်လ ၂၇ရက်က ကျွန်းစုမြို့နယ်အတွင်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း-၂နှင့် စစ်တပ်နှင့် ပျူစောထီးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ ပျူစောထီးခေါင်းဆောင်တစ်ဦး အပါအဝင် ပျူစောထီး ၄ဦး သေဆုံးခဲ့ပြီးနောက် မြိတ်မှ စစ်ကူရောက်လာခြင်းဖြစ်ကြောင်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း-၂၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ အခု ကျွန်းစုမြို့နယ်ထဲက ပဲ့ဒိုင်ရွာ၊ယမုံရွာနဲ့ ယမုံမြစ်ဝကို မြိတ်ကနေ စစ်တပ်က စစ်ကူလွှတ်လိုက်တယ်။ပျူစောထီးခေါင်းဆောင်ပွဲချင်းပြီးသေသွားလို့ လာကြတာပါ။အင်အားက ၇၀ကျော်တယ်။အခုထိ(မတ်၂၉ရက်၊ နံနက်၁၀နာရီ)တော့ ဘာတိုက်ပွဲမှ မရှိသေးပါဘူး” ဟု ၎င်းက ပြောသည်။
မတ်လ ၂၇ရက်တွင် ထိတွေ့တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ပုလောပကဖ၏ စစ်ရေးတာဝန်ရှိသူ တစ်ဦးက ပြောသည်။
“ ကျွန်းစုထဲက ရွာ ၃ ရွာမှာ ထိတွေ့တိုက်ပွဲဖြစ်တာပါ။ယမုံရွာမှာတော့ ထိတွေ့မှုပြင်းတယ်။ပစ်ခတ် မှုက ၄၅မိနစ်လောက်ကြာတယ်။မနေ့က မြိတ်ကနေစစ်ကူဆင်းလာတဲ့သတင်းကြားလို့ ကျွန်တော်တို့ ၂၈ရက်နေ့က ပြန်ဆုတ်လာကြတာပါ” ဟု ၎င်းက ပြောသည်။
ယင်းတိုက်ပွဲအတွင်း ကျွန်းစုမြို့နယ်အတွင်းရှိ ပျူစောထီးခေါင်းဆောင်တစ်ဦးမှာ ပွဲချင်းပြီးသေဆုံးကာ ပျူစောထီး ၃ဦးမှာ ပြင်းထန်ဒဏ်ရာရရှိပြီးနောက် သေဆုံးသွားကြောင်း ယမုံရွာသားတစ်ဦးက ပြောသည်။
“ ပျူစောထီးခေါင်းဆောင်က တိုက်ပွဲထဲ ပွဲချင်းပြီးသေလို့ ပျူတွေ ဆဲဆိုနေကြတယ်။ဆေးကုဖို့သွားတဲ့ထဲက ပျူစောထီးအဖွဲ့ဝင် ၃ဦးလည်း မြိတ်ဆေးရုံသွားတဲ့လမ်းမှာ သေသွားပါပြီ။မနေ့ကဆုံးတာပါ” ဟု ၎င်းက ပြောသည်။
မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း – ၂ကို တနင်္သာရီပကဖ၊ မြိတ်ခရိုင်တပ်ရင်း (၂) တပ်ခွဲ (၂)၊ ကျွန်းစုပကဖ၊ ပုလောပကဖ၊ တနင်္သာရီကာကွယ်ရေးပြောက်ကျားအဖွဲ့၊ တနင်္သာရီရိုးမအဖွဲ့၊ တောပုန်းကြီးအဖွဲ့၊ တောင်ပံနီအဖွဲ့၊ တိုင်းပ