မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာတွင် စစ်အုပ်စုဝင်တို့ သောက်စားရန် ထန်းတက်နေ သော ပျူစောထီးခေါင်းဆောင်ကို PDFတို့က ပစ်ခတ်ခဲ့ရာ ထန်းပင်ပေါ်မှ ပြုတ်ကျသေဆုံးသွားကြောင်း သိရသည်။
ယနေ့(မတ်လ၂၀)နံနက် ၆ နာရီဝန်းကျင်တွင် မြိုင်မြို့နယ်၊ဝက်ပုတ်ကျေးရွာ မြောက်ဘက် စစ်သား၊ ရဲနှင့်ပျူစောထီးတို့ကင်းစခန်း အနီးရှိ ထန်းပင်ပေါ်မှ ထန်းရည်ယူပြီး ပျူစောထီးခေါင်း ဆောင်ဝင်း ငွေ ပြန်အဆင်း၌ ရိုင်ဖယ်ဖြင့် ၂ ချက် အနီးကပ် ပစ်ခတ်ရာ နောက်ကျောထိမှန်ကာ ပြုတ်ကျသေဆုံး ခဲ့ ခြင်း ဖြစ်ကြောင်း မြိုင်ပကဖ ထံက သိရသည်။
“ထန်းပင်က သူတို့ကင်းစခန်းနဲ့ကတုတ်ကျင်းနားမှာရှိတဲ့ ထန်းပင်။ဝင်းငွေ ပြန်အဆင်းမှာ ပစ်ချလိုက်တာ။နောက်ကျောပွင့်ပြီး ပြုတ်ကျပြီးသေသွားတယ်။အလောင်းကို ပြန်မသယ်ဘူး။သူတို့ ကင်းစခန်းနားမှာပဲ မြှုပ်တာ။ကျနော်တို့ သင်္ချိုင်းမှာ မိုင်းထောင်ထားတာ ဒီကောင်တွေ မလာရဲဘူး” ဟု မြိုင်(ပကဖ) တာဝန်ခံ ဗိုလ်လကျ်ာ ကပြောသည်။
ယင်းပျူစောထီးခေါင်းဆောင်ပစ်ခတ်ခံရပြီးနောက် စစ်အုပ်စုဝင်များက ပြန်လည်ပစ်ခတ် သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
“ဝက်ပုတ်က ပျူစောထီးရွာဖြစ်တာ စောတယ်။သူတို့ ကင်းက ရွာအပြင်ဆိုတာထက် ရွာနားကပ်ပြီးဆောက်ထားတာ။ကျနော်တို့က ရွာကို ဝင်တိုက်တယ်ထင်ပြီး ရွာရဲ့နေရာအနှံ့ကနေပစ်တာပဲ။ကျနော်တို့က ၂ နေရာခွဲပြီးပစ်ဖို့လုပ်တာ။တောင်ဘက်မှာက ပျူခေါင်းဆောင်ကျော်နိုင် ကိုတော့ မပစ်လိုက်ရဘူး” ဟု ဒေသခံ PDFရဲဘော်တစ်ဦး ကပြောသည်။
အဆိုပါပစ်ခတ်မှုကို မြိုင်(ပကဖ)၊ပခုက္ကူခရိုင် PDF တပ်ရင်း-၂ ၊ဘာမထီပြောက်ကျားတပ်ဖွဲ့၊မဟာမိတ်တပ်ပေါင်းစု၊ဇာမဏီပြောက်ကျားတပ်ဖွဲ့၊MUGDFတပ်ဖွဲ့၊Jam-es Bond တပ်ဖွဲ့နှင့်Union Brothers တပ်ဖွဲ့တို့က ကာကင်းယူပေးခဲ့ကြောင်း သိရသည်။