စစ်ကိုင်းတိုင်း၊ အင်းတော် မြို့တွင် စစ်ကောင်စီ ယန္တရား ရပ်သွားပြီဖြစ်ကြောင်း သိရသည်။
၁၀၂၇ စစ်ဆင်ေ ရး နောက်ပိုင်းမှ စ၍ အင်းတော်မြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ Non CDM ၀န်ထမ်းများမှာ နည်းလမ်းအမျိုးမျိုးဖြင့် CDM ပြုလုပ်လာ ခြင်းကြောင့် မြို့တွင်း စစ်ကောင်စီယန္တရား များ ရပ်သွားခြင်းဖြစ်ကြောင်း ဒေသခံ PDFရဲဘော်တစ် ဦး ကပြောသည်။
” မြို့သိမ်းတွေ စပြီဆိုတဲ့ နောက်ပိုင်းမှာမှ အင်းတော်မြို့မှာ ရှိတဲ့ ၀န်ထမ်းတွေက အထုပ်တွေပိုက်ပြီး ထွက်လာကြတယ်။ တချို့ကျ ထွက်စာ တွေတင်၊ တချို့ကျလည်း ထွက်စာကို မတင်ဘဲ ထွက်လာကြတယ်။ ကိုယ့်ရွာ သူ့ရွာ ပြန်နေနေကြတယ် “ ဟု ၎င်းက ပြောသည်။
လက်ရှိတွင် အင်းတော် မြို့တွင်းရှိ စာသင် ကျောင်းများနှင့် ဘဏ်များ ပိတ်ထားကာ ဆေးရုံ၊ဆေးခန်းများလည်း မလည်ပတ်နိုင်တော့ကြောင်း သိရသည်။
“ သူတို့ ( စစ်ကောင်စီ) ယန္တရားကြီးကတော့ ရပ်တန့်သွားပြီဗျ၊။ကျောင်းတွေ၊ဘဏ်တွေလည်း ပိတ်ထားပြီ၊ဆေးရုံတွေလည်း မလည်ပတ်နိုင်တော့ဘူး၊ လိုင်းကားတွေလည်း အဖြတ်အသန်းလောက်ပဲ ဖြတ်ရဲတယ်။ ဂိတ်ချတာမျိုး မလုပ်ကြေတာ့ဘူး “ ဟု ဒေသခံ တစ်ဦးက ပြောသည်။
အင်းတော်မြို့နယ်အတွင်းရှိ Non CDM ဝန်ထမ်းများအနေနှင့် ဒီဇင်ဘာ ၂၃ ရက် နောက်ဆုံးထား အလင်း၀င်ရန် အင်းတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ က နို၀င်ဘာ ၂၄ ရက်နေ့ ရက်စွဲ ဖြင့် ထုတ်ပြန်ထားသည်။
ထိုသို့ ထုတ်ပြန်ပြီးနောက် ဒီဇင်ဘာ ၅ ရက်နေ့အထိ စစ်ကောင်စီလက်အောက်ခံ ၀န်ထမ်း ၁၀၂ ဦး CDM ၀င်ထားပြီ ဖြစ်ကြောင်း Indaw Revolution ထံက သိရသည်။
“ အလင်း၀င်ဖို့ စာထုတ်ပြီးတဲ့ နောက် ၀င်လာတဲ့ သူတွေကိုတော့ တာ၀န်ရှိတဲ့ သူတွေက သပ်သပ် ကန့်ထားပြီး နောက်စစ်ေကာင်စီနဲ့ လုံး၀ မပတ်သက်ပါဘူးဆိုတဲ့ ခံ၀န်မျိုး ထိုးခိုင်းပြီး ကိုယ့် အိမ်၊ ကိုယ့်ရွာကို ပြန်လွှတ်လိုက်တယ် သိရတယ်” ဟု ဒေသခံPDF ရဲဘော်က ပြောသည်။
အလင်း၀င်လာသူ အများစုမှာ ထွေအုပ် ၀န်ထမ်းနှင့် ကျောင်းဆရာ၊ဆရာမများ ဖြစ်ပြီး အခြား ၀န်ထမ်း ပေါင်းစုံလည်း ပါ ရှိကြောင်း ၎င်း က ဆက်လက်ပြောသည်။
လက်ရှိ အချိန်ထိ အလင်း၀င် သူများထဲတွင် လက်နက်ကိုင် ရဲ နှင့် စစ်သားတို့ မပါသေးကြောင်း နှင့် အင်းတော်မြို့နယ်အတွင်း၌ လွန်ခဲ့သည့် ၆လ ၀န်းကျင်က စစ်သားနှင့် ရဲ ၅ ဦး လက်နက်နှင့် တကွ အလင်း၀င်သည့် တစ်ခါသာ ရှိခဲ့ဖူးကြောင်း သိရသည်။
လက်ရှိတွင် အင်းတော်မြို့တွင်း၌ စစ်တပ်က အစစ်အေဆး တင်းကျပ်ေနသောကြောင့် ပြည်သူများ အသွားအလာ မရှိသလောက်အထိ ဖြစ်နေေကြာင်း ဒေသခံတစ်ဦးထံက သိရသည်။
စစ်ကောင်စီတပ်သည် အင်းတော် မြို့တွင်း၌ ခံစစ် ပြင်ထားသလို အင်းတော်မြို့အနီး နဘားလမ်းဆုံ၌လည်း ကတုတ်ကျင်းနှင့်ဘန်ကာတို့ အခိုင်အမာ တည်ဆောက်နေကြောင်း Indaw Revolution က ထုတ်ပြန်ထားသည်။