မန္တလေးတိုင်းဒေသကြီး၊သပိတ်ကျင်းမြို့နယ်၊တကောင်းတိုက်နယ်အတွင်း အင်းနက်ရွာဘက်မှဆင်းလာသည့်စစ် သား ၇ ဦးပါ စစ်ကောင်စီကားတစ်စီးအားမေလ ၂ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရရှိခဲ့ကြောင်း တကော င်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါ Double Cup 4 Wheels အဖြူရောင်ကားအား မိုင်းဆွဲတိုက်ခိုက်မှုကို တကောင်းတိုက်နယ်၊ ရွှေကိုးပင်လမ်း ပေါက်အနီး မိုင်း ၄လုံးဖြင့် ဖောက်ခွဲတို က်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ဖော်ပြထားသည်။
” အင်းနက်ဘက်က ဆင်းလာတာ၊အဲကားထဲမှာ ၇ ယောက်လောက်ပါတယ်။ မိုင်းဆွဲလိုက်တော့ ကားပါရပ်သွားတာ။” ဟု တကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ထိုတိုက်ခိုက်မှုအား တကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်လျှပ်စီးပြောက် ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြုလုပ်ခဲ့ခြင်းနှင့်ရဲဘော်များအထိအခိုက်မရှိ ဆုတ် ခွာနိုင်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။
” မိုင်းဆွဲပြီး နာရီဝက်လောက်နေတော့ တကောင်းဆေးရုံကနေ နာရေးကားနဲ့ လာခေါ်သွားတာ။ထိုးရပ်သွားတဲ့ကားရော ဆွဲသွားတယ်။” ဟု တကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ထို့အပြင် ပြီးခဲ့သည့်ဧပြီ ၂၉ရက်နေ့က လည်း အင်အား ၅၀ ပါ စစ်ကောင်စီတွဲကားတစ်စီးကို တကောင်းပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင့်လည်း ဆိုသည်။
မြန်မာစစ်တပ်က အာဏာသိမ်းပြီးနှစ်နှစ်ကျော်အကြာတွင် ပြည်သူ့ခုခံတော်လှန်စစ်များတစ်နိုင်ငံလုံးအနှံ့ပေါ်ပေါ က်လာပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်များနေ့စဥ်ရက်ဆက်တိုက်ခိုက်ခံနေကြရသည်။