မန္တလေးမြို့၊ ၂၂ လမ်း၊ ကားကြီးကွင်းတွင် အမျိုးသားတဦး ပြင်ပထိခိုက်ဒဏ်ရာမရှိဘဲ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မဏီစလ လူမှု/နာမှု ကူညီရေးအသင်းထံမှ သိရှိရသည်။
မေလ ၁ ရက်နေ့ ယမန်နေ့ မနက် ၂:၃၀ အချိန်ခန့် လမ်း၂၂ လမ်းကားကြီးကွင်းအတွင်းရှိ ကမ္မရာဇာကားပေါ်တွင် အသက် ၃၀ အရွယ် အမျိုးသားတဦးသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
” သူကကားထဲမှာ အိပ်နေရင်း သေသွားတယ်လို့ ဘေးနားကလူတွေကပြောတယ်၊ ကားထွက်ခံနီး နိုးတော့နိုးမရတော့မှ သေမှန်းသိတာ” ဟု မဏီစလ လူမှု/နာမှု ကူညီရေးအသင်းထံမှ သိရှိရသည်။
“ ဆရာ၀န်တွေရဲ့ဆေးစစ်ချက်တွေ အရ ဘာကြောင့်သေတယ်ဆိုတာကိုတော့ကျနော်တို့ဘက်ကမသိသေးဘူး” ဟု ဆက်လက်ဖြေကြားခဲ့သည်။
သေဆုံးသွားသူမှာ မည့်သည့်အကြောင်းကြောင့်သေဆုံးသွားသည်နှင့် နာမည်၊လိပ်စာများကိုဆက်သွယ်မေးမြန်းထားသော်လည်း သိရှိရခြင်း မရှိသေးပေ။
သေဆုံးသွားသော ရုပ်အလောင်းကို မန္တလေး ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ပို့ဆောင်ခဲ့ကြောင်းသိရှိရသည်။
လတ်တလောတွင် ပြင်ပထိခိုက်ဒဏ်ရာမရှိဘဲသေဆုံးမှုများဖြစ်ပေါ်နေခြင်း အများစုသည် အပူရှိန် လွန်ကဲခြင်းနှင့် အရက်သေစာသောက်စားထား၍ ဦးနှောက်သွေးကြောပြတ်ခြင်းများကြောင့် ဖြစ်ပွားလျက်ရှိကြောင်း သတင်းအရင်းအမြစ်များအရသိရှိရသည်။