မကွေးတိုင်းအတွင်းရှိ စစ်ကောင်စီ တပ်စွဲထားရာ စခန်းများသို့ စက်သုံး ဆီ လာပို့သည့် ဆီဘောက်ဆာ ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ကား ၁ စီး ပျက်စီးသွားကြောင်း ဂဠုန် PDF တပ်ဖွဲ့ (နတ်မောက်) က ထုတ်ပြန်ထားသည်။
ယနေ့ နံနက် ၇ နာရီ ၄၁ မိနစ်ဝန်းကျင်တွင် နတ်မောက်မြို့နယ် ရွာမွန်ရွာမှ ထွက်လာသည့် ဆီဘောက်ဆာကား အစီး ၃၀ နှင့် ယင်းဆီဘောက်ဆာများအတွက် လုံခြုံရေးကား ၁၅ စီးခန့် ပါ ယာဥ်တန်းကို ရွာတော်စံပြကျေးရွာ ဆီဆိုင်အကျော်၌ မိုင်း ၂ လုံးဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ ရွာတော်ရွာအလွန်မှာ မိုင်းဆွဲတာ။စစ်ကား အစီး ၅၀ လောက်ရှိတယ်။ထောက်ပို့ကားတွေပေါ့။စစ်သားတွေသီးသန့်က ၁၅ စီးလောက်ရှိတယ်။ဆီဘောက်ဆာကားက အစီး ၃၀ လောက်ရှိတယ်။ဆီဘောက်ဆာကားကတော့ စုတ်ပြတ်သွားတယ်။ကားခေါင်းထဲမှာပါတဲ့ စစ်ခွေး ၂ ကောင်လည်း ဒဏ်ရာတွေရကြတယ်” ဟု ဂဠုန်တပ်ခွဲမှူး ဗိုလ်အောင်ဒင်ကပြောသည်။
ဆီဘောက်ဆာကားမှာမူ ပေါက်ကွဲသွားခြင်းမရှိကြောင်း သိရသည်။
ယင်းမိုင်းဆွဲတိုက်ခိုက်မှုကြောင့် ဆီဘောက်ဆာကားခေါင်းခန်းမှ စစ်သား ၂ ဦးဒဏ်ရာရရှိပြီး ဆေးရုံပို့ထားကြောင်းသိရသည်။