ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် ၄ ရပ်ကွက်၊ ပုသိမ်စီးပွားရေးဘဏ်အနီး၊ စစ်ကောင်စီ လုံခြုံရေး ဘန်ကာနား ယနေ့ ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်းအတွင်းမှာတင် ဗုံး ၃ ကြိမ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
နံနက် ၇ နာရီမှ ၉ နာရီခွဲ ဝန်းကျင်အချိန်အတွင်းမှာ ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်ကာ ဗုံးပေါက်သည့် နေရာများသည် ပုသိမ်မြို့၏ လူစည်းကားသည့် နေရာများတွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်သူ သိရသည်။ ယင်း ဗုံး ၃ ကြိမ် ပေါက်ကွဲမှုထဲတွင် နံနက် ၈ နာရီ ပေါက်ကွဲမှုသည် ထောင်ထားသည့် ဗုံးတစ်လုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ တွေ့ရှိပြီး ဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းဖောက်ခွဲမှုကို ပုသိမ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့မှ ၎င်းတို့ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု တရားဝင် ကြေညာထားကြောင်း MPA မှ သိရသည်။ ဗုံးပေါက်ကွဲမှုကြောင့် အသေအပျောက်နှင့် ထိခိုက်ဒဏ်ရာရရှိမှု တစုံတရာ မရှိခဲ့ကြောင်း သိရသည်။ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် ယနေ့ နံနက်ပိုင်းတွင်တော့ ပုသိမ်မြို့တွင်း အသွားအလားများကို တင်းကြပ်ထားကာ စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု ဒေသခံများထံမှ သိရသည်။