အာဏာသိမ်းစစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စင်းသည် ယနေ့ နံနက်ပိုင်း ၁၁ နာရီ ၅၀ မိနစ်အချိန်တွင် SSPP/SSA ဌာနချူပ်အပေါ်မှ နီးကပ်စွာ ပျံသန်းခဲ့သည်ဟု သိရှိရသည်။
မြန်မာအာဏာသိမ်းစစ်တပ်မှ FTC-2000G အမျိုးစား ဂျက်တိုက်လေယာဉ် တစ်စင်း နီးကပ်စွာ ပျံသန်းခြင်းသည် SSPP/SSA အပေါ် ရန်စ စော်ကားသည့် လုပ်ရပ်သာ ဖြစ်သည်ဟု ယူဆနိုင်ကြောင်း SSPP က မေးခွန်းထုတ်ထားသည်။
ထို့ကြောင့် နောက်တစ်ကြိမ် ယခုကဲ့သို့ အကြောင်းကြားခြင်းမရှိဘဲ ဝမ်ဟိုင်းမြို့ပေါ်သို့ လေယာဉ်ပျံသန်းခြင်းများ၊ လေ့ကျင့်ခြင်များ ထပ်မံပြုလုပ်ပါက တပ်မတော်တာဝန်သာဖြစ်ကြောင်း အသိပေးထားသည်။
တိုက်လေယာဉ် ပျံသန်းမှုနှင့် ပတ်သက်၍ ဗဟိုလူကြီးများက သိရှိလိုပါကြောင်းနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဆုက တပ်မတော်ငြိမ်းချမ်းရေးညှိနှိုင်းရေးကော် မတီအတွင်းရေးမှူး (၂) ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်ထံ ဆက်သွယ်မေးမြန်းခဲ့သည်ဟု ဆိုသည်။
ယင်းဖြစ်စဉ် ဖြစ်နေသည့်အချိန်တွင် အာစီအက်စ်အက်စ် ဥက္ကဋ္ဌ စဝ်ယွတ်ဆစ်တို့နှင့် ဆွေးနွေးပွဲလုပ်ဆောင်နေသည့်အတွက် ၎င်းကိုယ်တိုင် မသိရသေးကြောင်း သိရှိရပါက အကြောင်းပြန်ပေးမည် ဖြစ်သည်ဟု ဖြေကြားခဲ့သည်ဟု SSPP Info က ထုတ်ပြန်အသိပေးထားသည်။