Photo – Myanmar Pressphoto Agencay
နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖြိုးကိုကိုတင့်ဆန်းနှင့် အပေါင်းအပါနှစ်ဦးထံမှ လက်နက်/ခဲယမ်းနှင့် စိတ်ကြွဆေးပြားများ သိမ်းဆည်းရရှိပြီးနောက် သာကေတမြို့နယ်ရှိ ACE Group of Companies အတွင်းသို့ အောက်တိုဘာ ၁၆ ရက် နံနက်ပိုင်းက ရဲတပ်ဖွဲ့ တာဝန်ရှိသူများနှင့် အုပ်ချုပ်ရေး တာဝန်ရှိသူများမှ ၀င်ရောက်ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ သေနတ် နှစ်လက်နှင့် မူးယစ်ဆေးဝါးအချို့ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးတွင် မြှုပ်နှံလိုသူများကို ကြိုဆိုဟု KNDF ဒုစစ်ဦးစီးချုပ်ဆို
နွေဦးတော်လှန်ရေးတွင် မြှုပ်နှံလိုသူများကို ကြိုဆိုကြောင်း ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်(KNDF)၏ ဒုစစ်ဦးစီးချုပ် ကိုမာဝီက ပြောသည်။ KNDF သည် စစ်တပ်ဖြစ်သဖြင့် စစ်တိုက်နိုင်သူများကို ပို၍ လိုချင်ကြောင်း တော်လှန်ရေးတွင် ကျဆုံး၊ ထိခိုက် များစွာ ရှိသော်လည်း...