အကြမ်းဖက်စစ်ကောင်စီက အပြစ်မဲ့ဖမ်းဆီးခံထားရသူများကို လွှတ်ပေးသည့်အတွက် ဝမ်းသာရ သော်လည်း စစ်မှန်သောအပြောင်းအလဲကို ဦးတည်နေသည်ဟု မပြောနိုင်ကြောင်း အမေရိကန်နိုင် ငံခြားရေးဝန်ကြီး ကပြောသည်။
အာရှ ပစိဖိတ်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ညီလာခံ တက်ရောက်လာသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် က နိုဝင်ဘာ ၁၇ ရက်နေ့ ည၈ နာရီ၌ ကျင်းပသည့် ဘန်ကောက်မြို့ သတင်းစာရှင်းလင်းပွဲတွင်မြန်မာစစ်ကောင်စီ၏လွတ်ငြိမ်းခွင့်နှင့် ပတ်သက်ပြီး ထိုသို့ မှတ်ချက်ပေးခဲ့ပြီး ဆက်လက်စောင့်ကြည့်သွားရမည်ဟုလည်း ဆိုသည်။
မြန်မာပြည်သူများ၏အခြေအနေမှာ အဆိုးဝါးဆုံးကို ရောက်ရှိနေပြီး ကလေးငယ်များနှင့်ငြိမ်းချမ်း စွာ စုဝေးနေသူများကိုလေကြောင်းတိုက်ခိုက်မှု၊သေဒဏ်ပေးကွပ်မျက်မှုနှင့်ဒီမိုကရေစီအစိုးရခေါင်းဆောင်များအပါအဝင် မြန်မာနိုင်ငံသားများစွာ ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကပြောသည်။
ထို့ပြင် အကြမ်းဖက်စစ်ကောင်စီအနေနှင့် အာဆီယံမူ၅ရပ်ကို လိုက်နာလုပ်ဆောင်သည့် သက်သေအ ထောက်အထားမတွေ့ရသေးကြောင်းလည်း ပြောသည်။
“အခုပြန်လွှတ်တဲ့အထဲမှာ နိုင်ငံတကာအသိုင်းအဝိုင်းက ပြန်လွှတ်ပေးဖို့အကြိမ်ကြိမ်တောင်းဆိုခဲ့တဲ့ ဒေါ်စု စီး ပွားရေးအကြံပေးရှောင်တာနယ်တို့၊အင်္ဂလန်သံအမတ်ကြီးဟောင်းတို့ ဂျပန်လူငယ်ဒါရိုက်တာတို့ ပါလာတယ် ဆိုတာ နိုင်ငံတကာဖိအားတွေလျော့ကျလာအောင် အရင်တုန်းကသန်းရွှေရဲ့လုပ်နည်းလုပ်ဟန်ကို ပြန်ကျင့်သုံး လာတာ”ဟု ရန်ကုန်အခြေစိုက်နိုင်ငံရေးသုံးသပ်သူတစ်ဦးကပြောသည်။
နိုဝင်ဘာ၁၇ရက်နေ့က နိုင်ငံရေးအကျဉ်းသား၇၀၀ကျော်အပါအဝင် အကျဉ်းသား၆၀၀၀နီးပါး ကို လွတ်ငြိမ်းခွင့်ပေးသည့် အပေါ် ကနေဒါနိုင်ငံကကြိုဆိုကြောင်းနှင့် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာကနေဒါသံရုံးက ယနေ့ထုတ်ပြန်တယ်။
နိုဝင်ဘာ၁၇ရက် လွတ်ငြိမ်းခွင့်ရ နိုင်ငံရေးအကျဉ်းသားများမှာ လွတ်ရက်နီးနေသူများသာဖြစ် ကြောင်း MPA ကစုံစမ်းသိရသည်။