ကူညီစရားများ ဝိုင်းဝန်းကူညီနိုင်ရန် မဲဆောက်ရောက် မြန်မာများမှ ကြီးမှူးကာ “ဟားငါးကောင်အငြိမ့်နှင့် ဂီတဖျော်ဖြေပွဲတော်”ကို ယနေ့ ဒီဇင်ဘာလ ၂ရက်နေ့ ညပိုင်းက မဲဆောက်မြိုတစ်နေရာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖျော်ဖြေပွဲတွင် တော်လှန်လူရွှင်တော်အဖွဲဖြစ်သည့် ဟားငါးကောင်အဖွဲဝင်များ၊ Five Star လူရွှင်တော်အဖွဲမှ မင်းသမီး ဝါဝါလှိင်၊ အဆိုတော် မူးလာ၊ လူငယ် ရက်ပ်အဆိုတော် တိုးကြီးအပါအဝင် မြန်မာသံအဆိုတော် လူငယ်များလည်း ပါဝင်ဖျော်ဖြေခဲ့ကြသည်။
“ဟားငါးကောင်အငြိမ့်နှင့် ဂီတဖျော်ဖြေပွဲတော်” တွင် အနုပညာဖြင့် တော်လှန်ရေးတွင် ပါဝင်တော်လှန်နေသေ ဒါရိုက်တာ ကိုပေါက်၊ CDM ဗိုလ်မှူး တင်လင်းအောင်နှင့် တော်လှန်ဟားငါးကောင်အဖွဲ၏ မန်နေဂျာ တိုကိုလည်း ဆုများ အသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။