စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာအများစု နေထိုင်ရာ ထိုင်းနိုင်ငံ၊ မဲဆောက်မြိုရှိ နောင်ဘွားဘုန်းတော်ကြီးကျောင်း ကထိန်ပွဲတွင် တော်လှန်လူရွှင်တော်အဖွဲဖြစ်သည့် ဟားငါးကောင်အဖွဲမှ ပါဝင်ဖျော်ဖြေခဲ့ကြောင်း သိရသည်။
အဆိုပါဖျော်ဖြေပွဲတွင် နိုင်ငံကျော် ဟာသလူရွှင်တော်အဖွဲ ဟားငါးကောင်မှ တေးသီချင်းများ သီဆိုဖျော်ဖြေခြင်း၊ အော်ပရာအကများ တင်ဆက်ခြင်းအပါအဝင် မြန်မာ့ရိုးရိုး အငြိမ်သဘင်ဖြင့်လည်း ဖျော်ဖြေခဲ့ပြီး မြန်မာပရိတ်သတ်အများအပြား လာရောက် အားပေးခဲ့ကြောင်း သိရသည်။