ချင်းပြည်နယ်ဟားခါးနှင့်ထန်တလန်ကြားတွင် ချင်းပြည်နယ်ပြည်သူ့ကာကွယ်ရေးတပ်များ(CDF)နှင့်အကြမ်းဖက်စစ်တပ်တု့်သြဂုတ်လ၂၅ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်တပ်ဘက်မှသုံးဦးသေဆုံးခဲ့ကြောင်းသိရဿည်။
မနေ့ကတိုက်ပွဲတွင် ချင်းပြည်နယ်မှပြည်သူ့ကာကွယ်ရေးတပ်များဖြစ်သည့် CDF_Hakha နှင့်CDF- Zopheiတို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီးစစ်တပ်ဘက်မှအကျအရှုံးများရှိခဲ့ခြင်းဖြစ်သည်။
ချင်းပြည်နယ်၏မြိူ့နယ်အချို့တွင်စစ်တပ်၏လက်ချက်ကြောင့် နေအိမ်များပျက်စီးခြင်း ဘာသာရေးအဆောက်အအုံများပျက်စီးခြင်းများရှိခဲ့သည်။စစ်တပ်၏အကျအရှုံးအခြေအနေပြည်သူလူထုအပေါ်ကျူးလွန်ခဲ့သောပြစ်မှုအခြေအနေများနှင့်ပတ်သက်ပြီးသတင်းအချက်အလက်ရရှိရန် စစ်တပ်ပြန်ကြားရေးတာဝန်ရှိသူဇော်မင်းထွန်းထံသို့ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့ရာဆက်သွယ်၍မရရှိခဲ့ပေ။
ချင်းပြည်သူ့ကာကွယ်ရေးတပ်များ၏တပ်စခန်းများကိုဆက်သွယ်ရေးစနစ်များမှတစ်ဆင့်စုံစမ်းထောက်လှမ်းနေမှုများကိုစစ်တပ်ကလုပ်ဆောင်လျက်ရှိနေသည်။
“တိုက်ပွဲအခြေအနေတွေကို ဖုန်းနဲ့ပြောပြဖို့ခက်ပါတယ်။တစ်ခါတလေအယောင်ဆောင်ဖုန်းဆက်တာတွေ။ဖုန်းလိုင်းဖြတ်ပြီးနားထောင်တာတွေရှိတယ်။ကျွန်တော်တို့ဖုန်းပြောဖို့အဆင်မပြေတဲ့အနေအထားမှာ ရှိနေပြီ”ဟုCDFအဖွဲ့ဝင်တစ်ဦးက MPAသို့ပြောသည်။
ချင်းပြည်နယ်တွင် စစ်ကောင်စီမှစစ်တပ်အင်အားအများအပြားဖြန့်ကျက်မှုများရှိနေသည့်အတွက် CDFအနေဖြင့် လုံခြုံရေးကိစ္စများဆာင်ရွက်ရမည့်လုပ်ငန်းများတွင် အနှောင့် အယှက်ဖြစ်လာနိုင်သည့် ဆောက်လုပ်ရေးလုပ်ငန်းများ၊လမ်းလုပ်ငန်းများ၊ကျောက်ထုတ်လုပ်ငန်းများလုပ်ကိုင်နေသောကုမ္ပဏီများ ကစက်တင်ဘာလပထမအပတ်အတွင်း လုပ်ငန်းများရပ်တန့်ရန် သြဂုတ်လ၂၄ရက်နေ့တွင် ထန်တလန် ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ကြေညာထားသည်။
စစ်တပ်သည် လက်ရှိအချိန်တွင် ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ကယားပြည်နယ်၊စစ်ကိုင်းတိုင်းဒေသကြီးအစရှိသည့်နေရာများတွင် ဒေသခံကာကွယ်ရေးတပ်များ၊တိုင်းရင်းသားလက်နက်ကိုင်များနှင့်တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားလျက်ရှိနေသည်။
Three Terrorist SAC Soldiers Killed in Clashes with CDF in Chin State
In a clash between the Chinland Defense Force (CDF) and the terrorist military SAC between Hakha and Htantalan of Chin State on August 25, three terrorist SAC soldiers were killed.
In Yesterday’s clash, the casualties on the military side were caused by a combined attack of the Chinland Defense Forces – CDF-Hakha and CDF-Zophei.
In some townships of Chin State, homes and religious buildings have been destroyed at the hands of the military. Regarding the casualties on the military side and the crimes the military committed on the people, military spokesperson Zaw Min Tun was contacted several times, but he couldn’t be reached.
The military is spying on the camps of the Chinland Defense Forces through communication means.
“It’s hard to talk about clashes on the phone. Sometimes, we have spy calls and someone listening through the line. We’ve now gotten into a situation where we can’t really talk on the phone,” said a CDF member to MPA.
Since the SAC military is spreading its forces across Chin State, Thantlang People’s Defense Force had already issued a statement on August 24 for companies working on constructions, road constructions and quarrying to pause work from September first week since they could be interrupting the security operations of the CDF.
Currently, the military is facing intense clashes with local defense forces and Ethnic Armed Organizations in Kachin, Chin, Kayah States and Sagaing region.