မုံရွာမြို့ GTC ကျောင်းစစ်ဆေးရေးဂိတ်ကို PDFများက အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးသွားကြောင်း သိရသည်။
မတ်လ ၁၄ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့GTC ကျောင်းအဝင်ဝတွင် ဂိတ်ချထားသော စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Monywa People’s Liberation Force-ဒေါင်းမင်းစစ်ကြောင်းတပ်ခွဲ(MPLF)က ထုတ်ပြန်သည်။
“GTC ထဲမှာက စစ်သား ၂၀ လောက်နေတယ်။ ခု ပစ်တာက ကျောင်းအဝင်ပေါက်မှာ ဂိတ်ချထားတာ။လမ်းသွားလမ်းလာတွေကို မထင်ရင် မထင်သလို စစ်တဲ့ဂိတ်။ ကျနော်တို့အဖွဲ့ပေါင်းစုံ သွားပြီး တိုက်ခိုက်တာ။ အဲ့က စစ်သားတွေက ရွာဘက်တွေ စစ်ကြောင်းထိုးရင်လည်း စစ်ကူအနေနဲ့ လိုက်ပေးတယ်။ အဓိကလမ်းပြတွေပေါ့။ စစ်သား ၅ ဦးသေဆုံးသေတယ်လို့ နယ်မြေခံတွေကပြောတယ်”ဟု ဒေါင်းမင်းစစ်ကြောင်းတပ်ခွဲ တာဝန်ခံကပြောသည်။
စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။
အဆိုပါတိုက်ခိုက်မှုကို Monywa People’s Liberation Force-ဒေါင်းမင်းစစ်ကြောင်းတပ်ခွဲ(MPLF)နှင့် Youth Revolution Attack Force၊Ronin Thirteen People’s Defense Force၊Burma Independence Army(ဗမာ့လွတ်မြောက်ရေးတပ်မတော်)၊One Local People Defence Force-Myingyanနှင့် Area 71 People Defense Force Monywa တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။