By MPA
Covid – 19 တတိယလှိုင်းတွင် လိုအပ်သည့် ဆရာဝန်များအတွက် ကန်ထရိုက်စနစ်ဖြင့် ငှားရမ်းအသုံးပြုမည်ဟု အာဏာသိမ်း စစ်ကောင်စီ၏ ခေါင်းဆောင် ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်က ပြောကြောင်း မြဝတီ သတင်းဌာနမှ တစ်ဆင့် ထုတ်လွှင့်ထားသည်။
လိုအပ်သည့် ဆရာဝန်များအပြင် လုပ်အားပေး ကူညီပေးမည့်သူများ Volunteer များကိုပါ နေ့စားစနစ်ဖြင့် ငှားရမ်းရန် စီစဉ်ထားကြောင်း၊ မကြာမီ ဖြစ်လာမည်ဟု ၎င်းက ပြောဆိုကြောင်း ဆက်လက်ထုတ်ပြန်သည်။
မြန်မာနိုင်ငံတွင် မေလတတိယ အပတ်တွင် ကိုဗစ် တတိယလှိုင်း ဖြစ်ပွားခဲ့ပြီး စာသင်ကျောင်းများ ဇူလိုင်လ ၈ ရက်နေ့တွင်ပိတ်ခဲ့ရခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် ကိုဗစ်ပိုးလူနာ တွေ့ရှိမှု မြင့်တက်လျက်ရှိပြီး သေဆုံးသူလည်းမြင့်တက်လျက်ရှိနေပြီဖြစ်သည်။
ပြည်သူများအနေဖြင့် ကိုဗစ်တတိယလှိုင်းတွင် ကိုဗစ်ရောဂါ ပြဿနာ၊ နှာခေါင်းစည်း(Mask) ပြဿနာ၊ အောက်ဆီဂျင် ပြဿနာများကို တစ်နေ့တခြား ဆိုးရွားစွာ ရင်ဆိုင်ရလျက် ရှိသည်။
ယနေ့ည စစ်ကောင်စီ၏ ထုတ်ပြန်ချက်များအရ ပိုးတွေ့ရှိသူ ၄၃၀၀ ကျော်ရှိပြီး သေဆုံးရသူ ၆၀ ကျော်ရှိကြောင်း သိရသည်။
#Covid_19 #ဆရာဝန် #Volunteer #မအလ #စကစ