အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ယနေ့ ဒီဇင်ဘာလ ၅ ရက် နံနက်ပိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးနှင့် ထောက်လှမ်းရေးအကြီးအကဲဟောင်း ခင်ညွန့်ထံသွားရောက် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဦးတင်ဦး၏ မြေးဖြစ်သူ မေချိုလွင်က “ဘဘ ဟာ အသက်အရွယ် လဲ အလွန်ကြီးရင့်နေပြီးတော့ လေဖြတ်ထားသူတစ်ဦးဖြစ်တဲ့ အတွက် လမ်းလဲ မလျောက်နိုင်တော့သလို စကားလဲ မပြောနိုင်တော့ပါဘူး။ အဲဒီအတွက် ဘဘ အနေ နဲ့ အိမ်အထိ လာရောက် တွေ့ဆုံသူကို ငြင်းပါယ် မရတဲ့ အခြေအနေ နဲ့ လက်ခံ တွေ့ဆုံလိုက်ရပေမဲ့ စကားတော့ ပြန်ပြောနိုင်မှာ မဟုတ်ပါဘူး” ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
NLD နာယက ဦးတင်ဦးသည် NLD အမှတ်တံဆိပ် ပင်နီတိုက်ပုံဝတ်ဖြင့် မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ဒါက လေဖြတ်ထားလို့ စကားမပြောနိုင်တော့တဲ့ ဘ ဘ က သူ့ရဲ့စိတ်သဘောထားရပ်တည်ချက်ကို ပင်နီတိုက်ပုံဝတ်ပြီး ပြသလိုက်တာလို့ဘဲ မေချိုကတော့ ယူဆ ပါတယ်ရှင့်” ဟု မြေးဖြစ်သူက ပြောသည်။
သူရဦးတင်ဦးသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကို စတင်တည်ထောင်ခဲ့သူများတွင် တစ်ဦး အပါအဝင် ဖြစ်ကာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌတာဝန်ကို ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်မှ ၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်ထိ ထမ်းဆောင်ခဲ့သူဖြစ်ကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်ခဲ့သော အငြိမ်းစား ဗိုလ်ချုပ်ကြီး တစ်ဦးလည်း ဖြစ်သည်။
ထို့ပြင် မင်းအောင်လှိုင်သည် နဝတခေတ် တလျောက်လုံး ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို မွှေနှောက်ခဲ့သူ ထောက်လှမ်းရေးအကြီးအကဲဟောင်း ခင်ညွန့်ကိုလည်း တွေ့ဆုံခဲ့သည်။
ခင်ညွန့်သည် နဝတခေတ် ဝန်ကြီးချုပ်ဟောင်းနှင့် တပ်မတော်ထောက်လှမ်းရေးမှူးချုပ်အဖြစ်မှ နေအိမ်အကျယ်ချုပ်ဖြင့် ၇ နှစ်ခန့် ထိန်းသိမ်းခံခဲ့ရသူဖြစ်ပြီး ၁၉၉၀ နောက်ပိုင်းတွင် ဒီမိုကရေစီအရေး လှုပ်ရှားသူများကို ၎င်း၏ ထောက်လှမ်းရေးကွန်ယက်ဖြင့် အကြီးအကျယ် ခြိမ်းခြောက်ဖိနှိပ်ခဲ့သည့် အာဏာရှင် လက်ကိုင်တုတ်တစ်ဦးလည်း ဖြစ်သည်။
ထို့ပြင် မင်းအောင်လှိုင်သည် စွယ်စုံရ အနုပညာရှင်ကြီးတစ်ဦးဖြစ်သည့် ဘိုကလေး တင့်အောင်ကို ပါ တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဘိုကလေးတင့်အောင်သည် ဗမာ့လွတ်မြောက်ရေးတပ်မတော် BIA တပ်ဖွဲ့စည်းရာတွင် ပါဝင်ခဲ့သူ ဖြစ်သော် လည်း BIA တပ်ဖျက်သိမ်းပြီးနောက် အနုပညာနယ်ပယ်သို့ ခြေစုံပစ်ဝင်ခဲ့သူ အနုပညာရှင် တစ်ဦး ဖြစ်သည့် မြန်မာ့ရုပ်ရှင် တစ်သက်တာ ထူးချွန်ဆုရ ရုပ်ရှင်ဒါရိုက်တာ၊ ဂီတစာဆို၊ ဇာတ်ညွှန်းရေးဆရာတစ်ဦး ဖြစ်ပြီး အမျိုးသားစာပေဆုရ စာရေးဆရာတစ်ဦးဖြစ်သည်။
Min Aung Hlaing Meets NLD Chairman U Tin Oo and Former Intelligence Chief Khin Nyunt
By MPA
On the morning of December 5, the terrorist military leader Min Aung Hlaing met with the chairman of the National League for Democracy, U Tin Oo, and former Intelligence chief Khin Nyunt.
May Cho Lwin, granddaughter of U Tin Oo wrote on her social media, “Baba (O Tin Oo) is of very old age now, he’s also suffering from paralytic stroke and he can no longer walk or talk. So, although he’s accepted it as it’s not too good to refuse to meet someone who’s come to the house, he won’t be able to speak”.
NLD Chairman U Tin Oo met Min Aung Hlaing wearing a red traditional coat with NLD badge.
“I suppose that he showed his attitude and stance by wearing the coat as he can longer talk due to paralytic stroke”, said his granddaughter.
Thura U Tin Oo is one of the founding members of the National League for Democracy and he was chairman of the National League for Democracy from December 3, 1988 to December 22, 1989 and is a retired general who has also taken the position of the commander-in-chief of the Armed Forces.
In addition, Min Aung Hlaing also met with former chief of intelligence, Khin Nyunt, who messed up the democratic movements and ethnic armed organizations throughout the SLORC period.
Khin Nyunt was put under house arrest for about 7 years from being a former prime minister and chief of military intelligence in the SLORC period and in the 1990s, he was a hand baton of the dictator severely threatening democracy activists using his intelligence network.
Plus, Min Aung Hlaing reportedly also met a versatile artist Bogale Tint Aung.
Bogale Tint Aung was involved in forming the Burma Independence Army (BIA) and completely lunged into the field of art after the abolition of the BIA and he is a director who’s received the Myanmar Film Lifetime Achievement Award, music writer, screenwriter and an author who’s received the national literature award.