မန္တလေးမြို့၊ အမရပူရမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးရုံးအပေါက်ဝတွင် ဇန်နဝါရီ ၁၆ရက်နေ့ ညနေပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
အယောင်ဆောင် ရွေးကောက်ပွဲကို ဒုတိယအဆင့် အနေဖြင့် ဇန်နဝါရီ၁၆ရက်နေ့ ညနေပိုင်းက တိုက်ခိုက် ဗုံးဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း No More Dictatorship PDF Mdyကထုတ်ပြန်ထားသည်။
အမပူရ လဝကရုံးကို လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦး တိုက်ခိုက်မည့်နေရာ အနီးတွင် ရှိနေသဖြင့် ထိရောက်စွာ မတိုက်ခိုက်ခဲ့ဘဲ ဝေးရာ လဝကရုံး ခြံပေါက်ဝတွင်သာ ဖောက်ခွဲခဲ့ရကြောင်း No More Dictatorship PDF MDY က ဆိုသည်။
“ ပေါက်ကွဲသံလိုအကျယ်ကြီးကြားလိုက်တယ်၊အထိအခိုက်တော့မကြားဘူး၊ကွဲသံပဲကြားတာ “ လို့အမရပူရမြို့ခံတစ်ဦးကဆိုသည်။
အောင်မြေသာစံမြို့နယ် ၈၇လမ်း၊ ၂၃လမ်း၂၄လမ်းကြားရှိ သီရီမာလာအရှေ့ရပ်ကွက်ရုံးကိုလည်း ဇန်နဝါရီ၁၆ရက်က လက်ပစ်ဗုံးဖြင့် ဖောတိုက်ခိုက်ခဲ့ပြီးလက်ပစ်ဗုံးမှာ error ကြောင့်မပေါက်ကွဲခဲ့ကြောင်း No More Dictatorship PDF MDY ထံက သိရသည်။
ဇန်နဝါရီ၉ရက်ကစပြီး မန္တလေးမြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် Non CDM ဝန်ထမ်းများပူးပေါင်းပြီး ရွေးကောက်ပွဲ အတွက် လူဦးရေစာရင်းကောက်ခံလျက်ရှိသည်။