စစ်ကောင်စီ၏ တရားမဝင် အဓမ္မစစ်မှုထမ်းဥပဒေထွက်ပေါ်လာပြီး တစ်လစွန်းရုံမျှအကြာတွင် ပြည်သူတို့ကြား ကြေကွဲ ဖွယ်ရာ ဖြစ်ရပ်များကို ရင်နာနာဖြင့် ကြားသိခဲ့ရသည်။
မတ်လ၁၇ရက်တွင် ဧရာဝတီတိုင်း၊ကန်ကြီးထောင့်မြို့နယ်၊ ရေတွင်းချောင်ရွာနေ အသက်၂၆နှစ်အ ရွယ် အမျိုးသားတစ်ဦး စစ်မှုထမ်းရန် မဲပေါက်သဖြင့် အဆိပ်သောက်ကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ သည်။
မတ်လ၁၇ရက်၊နံနက်ပိုင်းတွင် စစ်တပ်ထဲသို့ အဓမ္မသွတ်သွင်းရန် မဲနှိုက်ရခြင်းဖြစ်ပြီး မဲပေါက်ပြီး နောက် ညနေပိုင်း၌ စစ်တပ်ထဲဝင်ပြီး သေမည့်အတူတူ အဆိပ်သောက်သေမည်ဟုဆိုကာ အဆိပ်သောက်ခဲ့ ခြင်းဖြစ်ကာ ဆေးရုံပေါ်သို့ ရောက်သွားခဲ့ကြောင်း သတင်းများအရ သိရသည်။
နောက်ထပ် ကြေကွဲဖွယ် ဖြစ်ရပ်တစ်ခုမှာ မြေးဖြစ်သူ စစ်မှုထမ်းစာရင်းထဲ ပါသဖြင့် စိတ်ထိခိုက်သွား သောအဘွား ဒေါပုံမြို့နယ်အတွင်းရှိ ဂျပန်တံတားဟောင်းပေါ်မှ ခုန်ချအဆုံးစီရင်ခြင်းဖြစ်သည်။
မတ်လ၁၉ရက်ညပိုင်းတွင် ရန်ကုန်မြို့၊ဒေါပုံမြို့နယ်၊ယမုံနာ(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးက အသက် ၂၀ကျော်အရွယ် မြေးဖြစ်သူကို စစ်မှုထမ်းစာရင်းထဲ ပါသည်ဟုဆိုကာ လာခေါ်သွားပြီးနောက် စိတ်ထိခိုက် လွန်းသော အသက်၆၅နှစ် ဝန်းကျင်အရွယ်ရှိ အဘွားမှာ နောက်တစ်နေ့နံနက်ပိုင်း၌ အဆုံးစီရင်ခဲ့ခြင်းဖြစ် သည်။
များစွာသော ပြည်သူတို့မှာ အဓမ္မစစ်မှုထမ်းဥပဒေကို သေမင်းတမန်ဥပဒေဟု ခြွင်းချက်မရှိ ယုံကြည် ကြသည်။ စစ်မှုထမ်းရန် ဆင့်ခေါ်စာ ရရှိခြင်းကို သေမိန့်ကျပြီဟု ခံယူကြသည်။ မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်လက်တစ်ဆုပ်တို့၏ မအောင်မြင်သော အာဏာသိမ်းပွဲကို လက်မခံ။ ၎င်းတို့ သက်ဆိုးရှည်ရေးအ တွက် စစ်တပ်ထဲဝင်ကာ အသက်ပေးရမည့်အရေး ပို၍ ဆိုးသေး။
ထို့ကြောင့် ဖေဖေါ်ဝါရီ၁၀ရက်နေ့၊အဓမ္မစစ်မှုထမ်းဥပဒေ ထွက်ပေါ်လာပြီးပြီးချင်းမှာပင် မင်းအောင် လှိုင်၏ မိုက်လုံးကြီးမှုကို ယုံကြည်သည့် များစွာသောလူငယ်တို့မှာ PDF ရဲဘော်အဖြစ် ဘဝတစ်ဆစ်ချိုးချလိုက် ကြသလို စစ်တပ်ထဲ မဝင်ရရေးသည် နံပါတ်တစ်၊ နောက်ခါလာ နောင်ဈေး တိုင်းပြည်စွန့်ခွာခဲ့ကြသူလည်း များ စွာ။ ယခင့်၊ယခင်ကာလများက အလုပ်သွား၊ကျောင်းတက်၊ခရီးထွက်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်၌ လူငယ်များနှင့် သူ တို့ မိသားစုဝင်တို့၏ ခွဲခွာခြင်းပုံရိပ်တွင် ပျော်ပျော်ရွှင်ရွှင်နှင့် အလွမ်းရိပ်အနည်း ငယ်မျှ ပါကောင်းပါနိုင်သော်လည်း ယခုအခါတွင်မူ အပြန်အလှန်စိတ်မချခြင်းများ၊မိသားစု ပြန်ဆုံနိုင်ပါ့ဦးမ လား ဆိုသည့် စိုးရိမ်ပူပန်စိတ် များဖြင့် ရယ်သံကင်းမဲ့၊ အဓမ္မစစ်မှုထမ်းဥပဒေက ထိုသို့ ဒုက္ခပေးလွန်းလှသည်။
ယခု မတ်လဒုတိယပတ်မှစတင်ကာ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျုံးဝင်လူငယ်များကို စစ်တပ်ထဲ အဓ မ္မ သွတ်သွင်းရေး လုပ်ငန်းစဉ်အဖြစ် တစ်ကျောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်းဆိုသလို စစ်ကောင်စီ အုပ်ချုပ်ရေးအဆင့်ဆင့်က စတင်ခတ်ကွင်းပြင်နေပြီဖြစ်သည်။
မြို့နယ်အချို့တွင် စစ်မှုထမ်းဆင့်ခေါ်စာပေးပို့၊ လျှောက်လွှာဖြည့်၊ ဆေးစစ်၊ အသင့်ပြင်ထားရန်ဆို၊ ထွက်ပြေးလျှင် မိသားစုဝင်များကို ဖမ်းမည်ဟု ခြိမ်းခြောက်။ နေရာအချို့တွင်မူ အကျုံးဝင်လူငယ်များကို မဲ နှိုက်ခိုင်း၊ မဲပေါက်သူက ကံဆိုးသူမောင်ရှင်အဖြစ် စစ်တပ်ထဲဝင်ရန် အသင့်ပြင်။မဲပေါက်သော်လည်း အာဏာ ပိုင်များကို ငွေပေးနိုင်လျှင်လည်း လူစားထိုး၍ရသော နေရာများလည်း ရှိ။ကျေးလက်အချို့တွင်တော့ စစ် မှု ထမ်း ရန် ခွဲတမ်းအချခံရသော လူအရေအတွက်ကို ကိုယ့်ဘာသာ ငွေစုထည့်ကာ ဌားရမ်းရသောစနစ်။အဂတိ လိုက်စားမှုတို့ဖြင့် ရွံရှာဖွယ်ရာ။အဓမ္မစစ်မှုထမ်းဥပဒေဟုဆိုသော မစင်ပုံကြီးတွင် လျှာတရမ်းရမ်းဖြင့် ယင် ကောင်များ တပျော်တပါး အုံခဲ နေကြသလိုမျိုး။
စစ်ကောင်စီအတွက် ဥပဒေဆိုသည်မှာ အပေါ်ယံဟန်ပြကောင်းရုံ ထုတ်ပြန်ခြင်းသာဖြစ်ပြီး ထုတ် ပြန် လိုက်သော ဥပဒေအပေါ်အခြေခံကာ ပြည်သူများကို ခြိမ်းခြောက်ဖမ်းဆီး ဒုက္ခပေး ခြင်းနှင့် ပွဲတော်ကြီးအလား အဂတိလိုက်စားမှုဈေးကွက်တစ်ရပ် ဖော်ဆောင် ခြင်းမှာ ၎င်းတို့၏ ပြင်၍မရသော သွေးဆိုးသားဆိုး ဗီဇဆိုး အစစ်အမှန်ဖြစ်သည်။
မည်သို့ပင်ဆိုစေ၊ စစ်ကောင်စီအနေနှင့် အကျုံးဝင်လူငယ်များကို အဓမ္မစစ်တပ်ထဲသွင်းရေးကို တက် ကုန်ဖွင့် လုပ်ဆောင်မည်က သေချာသည်။စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်အတွင်း ဒေသခံများကို ပျူစောထီး အဖြစ် အဓမ္မသွတ်သွင်းရုံတင်မက ရှေ့ဆုံးတန်းမှထားကာ PDF များအား အသေခံတိုက်ခိုင်းသည့် ၂၀၂၃ခုနှစ် အတွင်း ဖြစ်စဉ်များနှင့် ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်၊ဒုက္ခသည်စခန်းရှိ မွတ်ဆလင်လူငယ်များကို အဓမ္မ စစ်သင်တန်း ၂ပတ်ပင်မကြာ ပေးကာ တိုက်ပွဲဝင်အသေခံခိုင်းသည့် လတ်တလောဖြစ်စဉ်အရ ပြည်သူတို့ ယုံ မှတ်ထား သလို စစ်မှုထမ်းရန်ဆင့်ခေါ်စာသည် သေမင်း၏ ဖိတ်စာနှင့်မခြားဖြစ်သည်။
ထို့ကြောင့် လူငယ်များအနေနှင့် စစ်တပ်ထဲ မဝင်ရရေးကို နံပါတ်တစ်အဖြစ်ထားကာ မိမိစိတ်ဆန္ဒ၊မိမိ အခြေအနေနှင့် လိုက်လျောညီထွေမည့် နည်းလမ်းများဖြင့် လက်တွေ့ ဆန့်ကျင်ကြရန်လိုပေသည်။အဓမ္မစစ်မှု ထမ်းဥပဒေသည် မင်းအောင်လှိုင်၏ သမ္မတရူးအိပ်မက်အတွက် လူငယ်များအား အသေခံခိုင်းခြင်းဖြစ်သလို မင်းအောင်လှိုင်၏ လက်ကုန် လုပ်ဆောင်နိုင်မှု နောက်ဆုံးမီးတောက် ဖြစ်သည်ကိုလည်း မမေ့လျော့ကြရန်လို ပေသည်။